အန်ဒိုရဲ့ဒဏ်ရာအခြေအနေ ပြင်းထန်တယ်လို့ ဝန်ခံပြောဆိုခဲ့တဲ့ လီဗာပူးနည်းပြအန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အန်ဒိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ပြင်းထန်ဒဏ်ရာရရှိမှုဖြစ်တယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။
မနေ့ညပိုင်း၊ ဆန်းဒါးလန်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပွဲချိန်ဒုတိယပိုင်းမှာ ဂျပန်လက်ရွေးစင်ကစားသားကို ထမ်းစင်ဖြင့်ခေါ်ထုတ်သွားခဲ့ပါတယ်။
အလင်းရောင်းကွင်းကြီးအတွင်းမှ ထွက်ခွာလာချိန် အန်ဒိုကိုယ်တိုင် ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အန်းစလော့က "ဟုတ်တယ်၊ ဒါက ပြင်းထန်ဒဏ်ရာအခြေအနေပါ။ အခြေအနေကို မနက်ဖြန်မှသာ အကဲဖြတ်နိုင်ဖို့ ရှိနေလို့ ဘယ်လောက်အထိပြင်းထန်သလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့် အခြေအနေကောင်းတဲ့ မပေါ်ပါဘူး။"
"သူ့ရဲ့ခြေကျင်းဝတ်ကို ထိခိုက်မိသလားဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ခြေထောက်လား(သို့မဟုတ်)ခြေကျင်းဝတ်ဆိုတာတော့ မနက်ဖြန်မှာ ကျွန်တော်တို့ အကဲဖြတ်သွားပါမယ်။"
"အချိန်အတော်ကြာ အန်ဒိုအနားယူရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာတော့ အခုအချိန်ပြောဖို့ခက်ပေမယ့် ညာအစွန်နောက်ခံလူနေရာအတွက် အခုရာသီ၊ ကျွန်တော်တို့တွေ့ကြုံနေရတဲ့အရာတွေဟာ မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်" လို့ ပြောပါတယ်။