The network connection is lost.

Banner Image

လီဗာပူးနဲ့ရမားတွေ ကြောက်ရွံ့နေကြတယ်လို့ ဝန်ခံလာတဲ့ ဖိုဒန်င်ဆိုင်ဖို့ မန်စီးတီးကစားသ

မန်ချက်စတာစီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်က အသင်းရဲ့ကစားသမားတွေဟာ ပုံစံကောင်းရနေတဲ့ လီဗာပူးနဲ့ ရင်ဆိုင်ကစားကြဖို့ ကြောက်ရွံနေကြတယ်လို့ ဝန်ခံခဲ့ပေမယ့် အသင်းဖော်တွေဟာ စိန်ခေါ်မှုနဲ့ကြုံတွေ့ဖို့လည်း အဆင်သင့်ဖြစ်နေတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

၅ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဖီယင်နုကို ၃ ဂိုးအသာနဲ့ ဦးဆောင်ပြီးမှ ၃ ဂိုးစလုံးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ၃-၃ နဲ့သရေကျခဲ့ပြီး နိုင်ပွဲဆက်လက်ပျောက်ဆုံးထားပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၈ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။

တစ်ဖက်မှာ လီဗာပူးက ၆ ပွဲဆက်အနိုင်နဲ့အတူ အမြင့်ပျံနေချိန်မှာ မန်စီးတီးက ၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပြီး တနင်္ဂနွေနေ့မှာတော့ ထိပ်တိုက်တွေ့ဆုံသွားကြတော့မှာဖြစ်ပါတယ်။ ပုံစံကောင်းရနေတဲ့ လီဗာပူးဟာ ကြားရက်က ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ပြတ်ပြတ်သားသားအနိုင်ယူထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဖိုဒန်က “အမှန်တိုင်းပြောရမယ်ဆို ကစားသမားတွေ ကြောက်ရွံ့နေကြပုံပေါ်ပါတယ်။ လူတိုင်းက မန်စီးတီးနဲ့ အာဆင်နယ်တို့ ရုန်းကန်နေရတဲ့အကြောင်းတွေ ပြောကြပေမယ် သူတို့ ဘယ်လောက်အထိ ကောင်းသလဲဆိုတာလည်း အားလုံးအသိပါ။ လာမယ့် တနင်္ဂနွေနေ့အတွက် ကျွန်တော်တို့အားလုံး အဆင်သင့်ဖြစ်နေကြပါပြီ။ ဒါက အသင်းအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ” လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးရဲ့ ရုန်းကန်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အင်္ဂလန်သားက “ကျွန်တော်တို့ ကြားထဲမှာ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ဒဏ်ရာပြဿာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုပဲ အပြစ်ပုံချလို့မရဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ မကြာခင်မှာပဲ အသင်းက ပိုကောင်းလာပြီး ရလဒ်ကောင်းတွေပြန်ရမယ်ဆိုတာတော့ ယုံကြည်ထားပါတယ်။ အသင်းတွေက ဒီလိုပါပဲ။ ကျွန်တော်တို့မှာ နိုင်ပွဲဆာလောင်စိတ်ကလည်း ပြင်းထန်နေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲစဉ်မှာတော့ မန်စီးတီးအနေနဲ့ ရလဒ်ကောင်းကို တဖန်ပြန်လည်ပုံဖော်သွားဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ဖိုဒန်အနေနဲ့လည်း ခြေစွမ်းကောင်းနဲ့ ဂိုးတွေပြန်လည်သွင်းယူနိုင်ဖို့ အာရုံစိုက်သွားရပါမယ်။