ပင်နယ်တီတစ်ယောက်တစ်လုံးစီနဲ့ သရေကန်သွားတဲ့ ခံစစ်မာစတာနှစ်သင်း
အက်သလက်တီကို ၁ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အများမျှော်လင့်ထားတဲ့အတိုင်းပဲ ခံစစ်အသားပေးနှစ်သင်းဖြစ်တာနဲ့အညီ ပထမပိုင်းအတွင်း အာဆင်နယ်က ဘောလုံးကိုင်ပြီး တိုက်စစ်ကစားချိန် အက်သလက်တီကိုက ခံစစ်ကစားသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ အာဆင်နယ်က ခံစစ်ပြန်ကစားသွားခဲ့ပါတယ်။
သွင်းဂိုးတွေကလည်း ပင်နယ်တီတွေကနေရရှိခဲ့ကြတာဖြစ်ပြီး တိုက်စစ်မှူး ယောကရက်စ်နဲ့ အယ်လ်ဗာရက်ဇ်တို့က သွင်းယူပေးခဲ့ကြပါတယ်။
ယခုသရေပွဲကြောင့် အမ်းမရိတ်မှာကစားမယ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။