
ဗီလာရီးရဲလ်နဲ့ပွဲအတွက် လာလီဂါရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တဲ့ ရီးရဲလ်
ရီးရဲလ်အသင်းဟာ စနေနေ့တုန်းက ဗီလာရီးရဲလ်ကို အနိုင်ရခဲ့ပေမယ့် ဒေါသထွက်စရာအဖြစ်အပျက်တွေများခဲ့တာဖြစ်ပါတယ်။ လာလီဂါရဲ့ဆုံးဖြတ်ချက်ဟာ ရီးရဲလ်အသင်းအတွက် ဆိုးဝါးခဲ့ပြီး တီကိုနဲ့ချန်ပီယံလိဂ်ပွဲအပြီးမှာ နားရက်သိပ်မရပဲ ကစားခဲ့ရတာဖြစ်ပါတယ်။ အန်ဆယ်လော့တီကလည်း ပွဲအပြီးသတင်းစာရှင်းပွဲမှာ လာလီဂါရဲ့ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့သလို အခုရီးရဲလ်ဂိုးသမား ကော်တိုရစ်ကလည်း အခုလိုမျိုးပြောကြားလာခဲ့ပါတယ်။
“အဆုံးသတ်မှာ ကျွန်တော်တို့ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဆင်ခြေမပေးချင်ပါတယ်။ ကျွန်တော် အခုလိုမျိုးပြောရလို့ ပျော်ပါတယ်။ နားရက်သိပ်မရခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့လို့ ကျေနပ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မိနစ် ၁၂၀ လောက်ကန်ခဲ့ရတာဖြစ်ပြီး သာမန်မဟုတ်ခဲ့ပါဘူး။ ပင်နယ်တီအထိကန်ခဲ့ပါတယ်။ အဲ့နောက် သိပ်မကြာခင်မှာပဲ အခုဗီလာရီးရဲလ်နဲ့ကန်ရပါတယ်။ လာလီဂါက တစ်နေ့တည်းမှာ အသင်းကြီး ၃ သင်းကန်ခိုင်းလေ့မရှိပါဘူး။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာတော့ ဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အကြိမ်ရေတော်တော်များများကန်ထားခဲ့ပါတယ်။
အဲ့တာ ကျွန်တော်တို့အသင်းကို လေးစားမှုမရှိသလိုဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ နားရက်မရတဲ့အပြင် ဒဏ်ရာရကစားသမားတွေလည်းရှိနေပါတယ်။ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ ကန်နိုင်ပါတယ်။ အင်္ဂလန်မှာလိုပေါ့။ ရီးရဲလ်အသင်းက အရင်ပါ။ အဲ့နောက် တီကို ၊ ဘာစီလိုနာပါ။ အဲ့တာက ရုပ်သံအတွက် ကောင်းပါတယ်။ ဒါပေမယ့် အခြားစိတ်ဝင်စားစရာတွေလည်း ကစားပါတယ်။ အခုနိုင်ပွဲရလို့ ကောင်းပါတယ်။
နားချိန်အနည်းငယ်ပဲရတာက သာမန်ပါပဲ။ ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ချေပဂိုးပြန်ရပြီးနောက် လျင်လျင်မြန်မြန်ပြန်လာနိုင်ခဲ့သလို ခံစစ်ကလည်း အကောင်းဆုံးလုပ်ဆောင်ထားနိုင်ပါတယ်။ အဲ့တာက အလုပ်အများကြီးလုပ်ရဦးမှာပါ။ လူတွေက အရမ်းမောပန်းနေပါတယ်။ အသင်းက အာရုံစူးစိုက်မှုအပြည့်ပါပဲ။ ဗီလာရီးရဲလ်က အဆင့် ၅ နေရာမှာပါ။ သူတို့က အရမ်းကောင်းသလို သူတို့အိမ်ကွင်းက အမြဲတမ်းကစားရခက်ပါတယ်။ ၃ မှတ်က အရမ်းအရေးပါတဲ့အမှတ်ပါ”လို့ ကော်တိုရစ်က ပြောကြားခဲ့ပါတယ်။