
ဂူဟီက လီဗာပူးအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်တဲ့ ပေါလ်စခိုးလ်စ်
လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို ရယူပြီးနောက် နွေရာသီ အပြောင်းအရွှေ့တွင် အပြောင်းအလဲ ခြောက်ခု ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း မာဆေးဆိုက်ဒ်ကလပ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မတိုင်မီ အင်အားဖြည့်တင်းရန် ဆုံးဖြတ်ထားပြီး အင်္ဂလိပ်ဘောလုံးလောကမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အလက်ဇန္ဒား အီဆက် ကို ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။
လီဗာပူးရဲ့ အီဆက်အတွက် ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရသော်လည်း ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ရန် မျှော်လင့်ရပြီး နယူးကာဆယ်က ပေါင် သန်း ၁၅၀ ဝန်းကျင်ကို တောင်းဆိုထားပါတယ်။ အာနီစလော့က ဗဟိုခံစစ်မှူးကိုလည်း ခေါ်ယူလိုနေပြီး ခရစ္စတယ်လ် ပဲလေ့စ်မှ ဂူဟီ ဟာ လွန်ခဲ့သော ၁၂ လကတည်းက အန်ဖီးလ်ရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ယခုရက်သတ္တပတ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းများအရ ဂူဟီဟာ နယူးကာဆယ်ကိုကျော်ပြီး လီဗာပူးကို ပိုနှစ်သက်တယ်လို့ ဖော်ပြထားပြီး ပေါင်သန်း ၄၀ မှ ၅၀ ကြား ကမ်းလှမ်းမှု ရရှိပါက ပဲလေ့စ်က ရောင်းချရန် စဉ်းစားနိုင်ဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်က ၂၀၂၆ ခုနှစ်တွင် ဆဲလ်ဟတ်စ်တ်ပါ့ခ်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ပဲလေ့စ်အနေဖြင့် ယခုရောင်းချမလား သို့မဟုတ် တစ်နှစ်အကြာတွင် အသင်းခေါင်းဆောင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်မလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
"ဂျေမီ ကာရေဂါက ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာ ဘယ်အခြမ်းမှာကစားမယ့် ဗဟိုခံစစ်မှူးလူအကြောင်း ပြောခဲ့ပါတယ်။ ပဲလေ့စ်ပရိသတ်တွေကတော့ ပျော်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဂူဟီဟာ ဒီနေရာအတွက် လုံးဝ ပြီးပြည့်စုံတယ်လို့ ကျွန်တော် ထင်တယ်" "ဗဟိုခံစစ်မှူး ခေါ်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမဲ့ ဘယ်လို အရည်အချင်းမျိုးလဲဆိုတာပဲ မူတည်ပါတယ်။ သူ့စာချုပ် နောက်ဆုံးနှစ်မှာရှိတဲ့ ကစားသမားတစ်ယောက်အတွက် ပေါင် ၅၀ သန်း သုံးမလား။ ဒါပေမဲ့ ဂူဟီကို ကြည့်ရတာ ကျွန်တော့်အတွက်တော့ တန်တယ်လို့ ထင်ပါတယ်" လို့ ယူနိုက်တက် ဂန္ထဝင်ကစားသမား စခိုးလ်စ် က The Overlap ရဲ့ နောက်ဆုံး Fan Debate တွင် ပြောကြားခဲ့ပါတယ်။
ဂူဟီဟာ ၂၀၂၁ ခုနှစ်တွင် သူ့ရဲ့ ငယ်ဘဝကလပ် ချဲလ်ဆီးမှ ပဲလေ့စ်သို့ ပြောင်းရွှေ့ပြီးနောက် ပရီးမီးယားလိဂ်တွင် အမြင့်ဆုံး သတ်မှတ်ခြင်းနှင့် ကလပ်တိုင်းလိုချင်တဲ့ နောက်ခံလူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။ ယူရို ၂၀၂၄ တွင် ပြသခဲ့တဲ့ ခြေစွမ်းကောင်းများက ဂူဟီရဲ့ ဂုဏ်သတင်းကို ပိုမို မြင့်မားစေခဲ့ပြီး ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ် ၊ နယူးကာဆယ်နှင့် လီဗာပူးတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ ပြိုင်ပွဲအပြီးတွင် သူ့ကို စိတ်ဝင်စားခဲ့ကြပါတယ်။
သို့သော်လည်း ပဲလေ့စ်က ပရီးမီးယားလိဂ် ပြိုင်ဘက်များကို တွန်းလှန်နိုင်ခဲ့ပြီး ဂူဟီကို ထိန်းသိမ်းထားနိုင်ခဲ့ကာ ၂၀၂၄-၂၅ ရာသီအစတွင် အသင်းခေါင်းဆောင်လက်ပတ်ကို ပေးအပ်ခဲ့ပါတယ်။ ဂူဟီက အိုလီဗာ ဂလက်စ်နာအသင်း ဗိုလ်လုပွဲတွင် မန်စီးတီးကို အံ့အားသင့်စေတဲ့ ပုံစံဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကလပ်အတွက် အက်ဖ်အေဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်တဲ့ အသင်းခေါင်းဆောင်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
သို့သော်လည်း ဝင်ဘာလေတွင် ပဲလေ့စ်ရဲ့ အောင်ပွဲမတိုင်မီ မီဒီယာများနှင့် တွေ့ဆုံရာတွင် ဂူဟီက ပဲလေ့စ်နှင့် သူ့ရဲ့အနာဂတ်အပေါ် မည်သည့် အာမခံချက်မျှ ပေးရန် ငြင်းဆန်ခဲ့ပါတယ်။ "ဒီကလပ်အတွက် ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးဖို့က အရေးအကြီးဆုံးအရာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် နေ့တိုင်း လာပြီး ဒီအတိုင်းပဲ ဖြစ်ဖို့ ကြိုးစားပါတယ်"
"ကျွန်တော် ကြိုးစားပြီး အလုပ်ကြိုးစားပါတယ်။ ပြီးတော့ ဒီကလပ်က ကျွန်တော့်ကို အများကြီး ပေးခဲ့တာကို သိပါတယ်။ ကျွန်တော် ဒီကလပ်နဲ့ စာချုပ်ရှိနေဆဲဖြစ်တာကြောင့် ကျွန်တော့်ရဲ့ အာရုံစိုက်မှုက အမြဲတမ်း ဒီကလပ်မှာပါ" "ဒါကြောင့် ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာကတော့ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပေးပြီး အနာဂတ်က ဘယ်ကို ဦးတည်နေလဲဆိုတာကို ကြည့်ဖို့ပါပဲ" လို့ သူက ဖြေကြားခဲ့ပါတယ်။