The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရမှ ယူနိုက်တက်ထံသို့ပြောင်းရွှေ့မယ်ဆိုတဲ့ ဝါတန်

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်လူ အာဒမ်ဝါတန်ဟာ သူ့ရဲ့ နောက်ထပ်အသင်းသစ်အတွက် တောင်းဆိုချက်တစ်ခု ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ကာလရှည်ကြာ ချိတ်ဆက်မှုတွေ ရှိနေခဲ့သလို လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းကလည်း သူ့ကို ခေါ်ယူလိုတဲ့ အသင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။

အခုအခါမှာတော့ အကယ်၍ ဝါတန်အနေနဲ့ ဒီနွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဆုံးအဖြတ်ပေးမယ့် အချက်တစ်ချက် ရှိနေတယ်လို့ The Sun သတင်းဌာနက ဖော်ပြလာပါတယ်။ ဝါတန်က ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အသင်းမျိုးကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၂၀၂၉ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေပါတယ်။