The network connection is lost.

Banner Image

တော့တင်ဟမ်အသင်းဆီ ဘာကြောင့်မပြောင်းရွှေ့ဖြစ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ လီဗာပူးနောက်ခံလူရောဘတ်ဆန်

လီဗာပူးနောက်ခံလူရောဘတ်ဆန်က ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ ဖြစ်မလာခဲ့တဲ့အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

အသက် ၃၁ နှစ်အရွယ်ဘယ်အစွန်ခံစစ်မှူးက တော့တင်ဟမ်နဲ့ လီဗာပူးတို့အကြား ပြောင်းရွှေ့ကြေးပေါင်ငါးသန်းဖြင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် ဇန်နဝါရီလမှာ မြောက်လန်ဒန်ကလပ်ဆီရောက်လာဖို့ အတော်လေးနီးစပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လီဗာပူးဘက်က အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးမိနစ်မှာ ဒီသဘောတူညီမှုကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့လို့ အသင်းမှာ ရောဘတ်ဆန် ဆက်ရှိနေခဲ့ပါတယ်။ သူ့ရဲ့လီဗာပူးနဲ့စာချုပ်သက်တမ်းကလည်း အခုဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးပါလိမ့်မယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ ဝုဗ်ကို ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး ရောဘတ်ဆန်က သူ့ရဲ့သဘောဆန္ဒအရ အပြောင်းအရွှေ့ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"တကယ်တော့ စိတ်ဝင်စားမှုတွေ ရှိခဲ့တာ အမှန်ပါပဲ။ အသင်းနှစ်ဖက်လုံးနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်" လို့ သူက ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကတော့ အသင်းမှာပဲ ဆက်နေချင်တာပါ။ ဒါကြောင့်လည်း လီဗာပူးမှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ဘက်က အသင်းအပေါ် သစ္စာမရှိခဲ့တာမျိုး တစ်ခါမှမရှိပါဘူး။ ကျွန်တော် လီဗာပူးအသင်းဆီရောက်ရှိလာတာ ၈ နှစ်ခွဲ၊ ၉ နှစ်လောက် ရှိနေပြီ ဖြစ်သလို အသင်းက ကျွန်တော့်ကို မလိုအပ်တော့ဘူးလို့ မပြောမချင်း ဒီအသင်းအတွက်ပဲ အစွမ်းကုန် ပေးဆပ်သွားပါမယ်။ ဒါက ကျွန်တော့်မှာအမြဲတမ်းရှိနေတဲ့ စိတ်ဓါတ်ပိုင်းပါပဲ။ ဒီအသင်းက ကျွန်တော့်အတွက် အရာအားလုံးပေးခဲ့သလို ကျွန်တော်ကလည်း အသင်းအတွက် အရာအားလုံးပြန်ပေးဆပ်ထားပါတယ်" လို့ ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။