The network connection is lost.

Banner Image

ဖလော်ရီယန်ဝစ်ဇ်ကို ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗားတို့လို ကစားသမားမျိုးဖြစ်တယ်လို့ ကာရေဂါဝန်ခံချီးကျူး

လီဗာပူးဂန္ထဝင်ကာရေဂါက ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းဟာ သူ့ကို အနိုင်ယူသွားခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပေါင် ၁၂၅ သန်းဖြင့် မာဆေးဆိုဒ်ဆီရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်ကို ကာရေဂါက အတိတ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ မန်စီးတီးဂန္တဝင်ကစားသမားနှစ်ဦးနဲ့ နှိုင်းယှဉ်ရလောက်အောင် ကောင်းမွန်လာခဲ့ပြီလို့ ချီးကျူးခဲ့ပါတယ်။

Sky Sport နဲ့အင်တာဗျူးအစီအစဉ်မှာ ကာရေဂါက " ယေဘုယျအားဖြင့် အစမကောင်းတဲ့သူတွေအကြောင်း ကျွန်တော် မတွေးပေးနိုင်ပါဘူး။ စကားမဆက်.. ကျွန်တော်က ခုနစ်ပွဲလောက်ကစားပြီးချိန် ဝေဖန်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ခရစ္စမတ်နဲ့ ဇန်နဝါရီလရောက်လာချိန်အထိ အခုလိုပဲဆက်ဖြစ်နေမယ်ဆိုရင် အိုး.. လို့ပဲ တုံ့ပြန်ရပါလိမ့်မယ်။ သမိုင်းမှာတော့ အင်္ဂလန်မြေရောက်ရှိလာတဲ့နိုင်ငံခြားသားကစားသမားတွေ တစ်နှစ်လောက်အချိန်ယူရတယ်လို့ မဖော်ပြထားပါဘူး။

ဖလော်ရီယန်ဝစ်ဇ်က အချိန်တိုင်းတိုးတက်ကောင်းမွန်နေပါတယ်။ နောက်ဆုံးမှာတော့ အသင်းအပေါ်ဦးဆောင်ပေးရမယ့်တာဝန်ကို လွှဲပြောင်းယူရမှာဖြစ်ပြီး ဒီလူငယ်လေးဆီမှာ အရည်အသွေးအစစ်အမှန်ရှိနေတယ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။

ပရီးမီးယားလိဂ်က ဒီဘရိုင်းကို ဆုံးရှုံးလိုက်ရပေမယ့် ဖလော်ရီယန်ဝစ်ဇ်ကို ပြန်ရလိုက်ပါတယ်။ အခု ကျွန်တော်တို့က ကျွန်တော်တို့ရဲ့လိဂ်ပြိုင်ပွဲဆီ လာရောက်ကစားတဲ့ ထူးရှယ်ကစားသမားတွေအကြောင်း ပြောနေတာပါ။ ဖလော်ရီယန်ဝစ်ဇ်ကို အများကြီးစောင့်ကြည့်ဖြစ်ခဲ့ပြီး ဒီဘရိုင်းလိုအဆင့်အတန်းအထိ ရောက်ရှိနိုင်မလားဆိုတာ စဉ်းစားခဲ့ဖူးပါတယ်။

ဖလော်ရီယန်ဝစ်ဇ်ကို စောင့်ကြည့်ရတာ ဒေးဗစ်ဆေးလ်ဗားလိုပဲ မျက်စိပသာဒဖြစ်သလို သူ့ဆီမှာ ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးလ်ဗား နှစ်ဦးလုံးရဲ့အရည်အသွေးတွေ ပေါင်းစပ်ထားပါတယ်"လို့ ပြောပါတယ်။