The network connection is lost.

Banner Image

မိုက်ကယ်အိုဝင်ကို ကြွေမိသွားတယ်ဆိုတဲ့ OnlyFans စတားမန်စီးတီးပရိသတ် အယ်လီဘရွတ်

OnlyFans စတား အယ်လီဘရွတ်ကိုတော့ ဆိုရှယ်မီဒီယာမှာ ပုရိသတွေ စိမ်းမှာမဟုတ်ဘူး။ သူမရဲ့နောက်ဆုံး ပို့စ်တစ်ခုကတော့ ဘောလုံးလောကနဲ့ သက်ဆိုင်နေတာ တွေ့ရပါတယ်။ ၂၄ နှစ်အရွယ် မန်စီးတီးပရိသတ် ရွှေရောင်ဆံပင်ပိုင်ရှင်မလေးဟာ သူမရဲ့အင်စတာဂရမ်မှာ လီဗာပူးဂန္တဝင်တိုက်စစ်မှူးကြီး မိုက်ကယ်အိုဝင်နဲ့ တွဲရိုက်ထားတဲ့ ပုံတစ်ပုံကို တင်စွားခဲ့ပါတယ်။

အယ်လီဟာ လူကြီးကြိုက်ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ အပြင်အဆင့်အတန်းမြင့်တဲ့ သူမရဲ့ပြင်ပနေထိုင်မှု ပုံစံကြောင့်လည်း အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ လူကြိုက်များထင်ရှားသူ ဖြစ်ပါတယ်။ ဘားတစ်ခုမှာ အိုဝင်နဲ့တွဲရိုက်ထားတဲ့ ပုံမှာဆိုရင်လည်း မိုးပြာရောင် denim ဂျင်းဘောင်ဘီအကျပ်၊ အနက်ရောင်အတွင်းခံအင်္ကျီအကျပ်တို့ကို ဝတ်ဆင်ထားပြီး အိုဝင်ရဲ့ခါးကို ဖက်ထားတာတွေ့ရပါတယ်။

ကပ်ရှင်ကိုလည်း “ကိုယ့်ကိုယ်ကိုယ် ဂန္တဝင်တစ်ယောက်လို့တောင် ထင်မိသွားတယ် ”ဆိုပြီး ဆိတ်ပုံအီမိုဂျီလေးတွေနဲ့ သူမရဲ့အင်စတာဂရမ်စတိုမှာ တင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးမဆိုင်တဲ့ လောကသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကို ပရိသတ်တွေက အံ့သြနေကြပြီး မှတ်ချက်တွေလည်း အများအပြား ပေးခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်က “ဘယ်တော့မှ မစဉ်းစားဖူးတဲ့ လူနှစ်ယောက်ကို အတူတူတွေ့လိုက်ရတာပဲ ” ဒုတိယတစ်ယောက်ကလည်း “ဘယ်သူက ပိုကံကောင်းတဲ့သူ ဖြစ်နိုင်မလဲ၊ ငါ့အထင်ကတော့ အိုဝင်က ပိုကံကောင်းပါတယ်”တတိယတစ်ယောက်ကလည်း “ ဂျွန်နီဆင်းစ်နဲ့ အိုဝင်ကို တစ်ပတ်တည်းမှာပဲ ဆုံတွေ့ခွင့်ရတာ နည်းတဲ့ကံကောင်းမှုကြီးလား”ဆိုပြီး ပြောခဲ့ပါတယ်။

ဂျွန်နီဆင်းစ်ကတော့ နာမည်ကြီး လူကြီးကြိုက်ဇာတ်ကားမင်းသား တစ်လက်ဖြစ်ပြီး အယ်လီနဲ့ မကြာသေးမီကမှ ဇာတ်ကားရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။