The network connection is lost.

Banner Image

ဘုန်းမောက်လူငယ်ကြယ်ပွင့် ခရော့ပီကို မန်စီးတီးနဲ့ အာဆင်နယ်တို့အပြိုင်ပစ်မှတ်ထားနေ

လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ဥရောပရဲ့ အင်အားကြီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ဘုန်းမောက်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂျူနီယာခရော့ပီကို စောင့်ကြည့်နေကြပါတယ်။

ပြင်သစ်လူငယ်ကစားသမား ခရော့ပီဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ လော်ရီယန့်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၁.၂ သန်းနဲ့ ဘုန်းမောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပရီမီယာလိဂ်မှာ အသင်းကြီးတွေ အလိုချင်ဆုံး လူငယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။

ဘုန်းမောက်အသင်းရဲ့ ကျောနံပါတ် (၂၂) ကစားသမားဟာ ၁၉၉၉-၂၀၀၀ ရာသီက ရော်ဘီကိန်းပြီးရင် ပရီမီယာလိဂ် တစ်ရာသီအတွင်း ၁၂ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး လူငယ်ကစားသမား ဖြစ်လာခဲ့ပြီး ရော်ဘီဖောင်လာနဲ့အတူ စံချိန်တင်စာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ် ခရော့ပီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စံချိန်တင် ၁၂ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနိုင်ပွဲကြောင့် ဘုန်းမောက်အသင်းဟာ လိဂ်ပွဲစဉ် ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုလည်း ရရှိခဲ့ပါတယ်။

လက်ရှိမှာ ဘုန်းမောက်အသင်းဟာ ဥရောပဝင်ခွင့် ရရှိဖို့ နီးစပ်နေပြီး ရာသီကုန်ဖို့ ၃ ပွဲအလိုမှာ အဆင့် (၆) နေရာမှာ ရပ်တည်နေကာ အသင်းရဲ့ လူစာရင်းကို ဖျက်ဆီးပစ်ဖို့ (အဓိကကစားသမားတွေကို ရောင်းထုတ်ဖို့) အစီအစဉ် မရှိပါဘူး။

မန်စီးတီးနဲ့ အာဆင်နယ် အပါအဝင် ကလပ်အသင်း အများအပြားက ခရော့ပီကို သဘောကျနေကြပေမဲ့ The Times ရဲ့ ဖော်ပြချက်အရ ဘုန်းမောက်အသင်းကတော့ ဒီတိုက်စစ်ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိဘဲ သူဟာ တစ်နေ့မှာ ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အကယ်၍ သူသာ ဒီလိုမျိုး ဂိုးတွေ ဆက်တိုက်သွင်းယူနေမယ်ဆိုရင်တော့ အဲဒီတန်ဖိုးက မကြာခင်မှာ တကယ်ဖြစ်လာမှာဖြစ်ပြီး အဲဒီအချိန်ကျမှသာ ဘုန်းမောက်အသင်းအနေနဲ့ သူ့ကို ရောင်းချဖို့ စဉ်းစားကောင်း စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။