The network connection is lost.

Banner Image

လီဗာပူးမှာ အန်းစလော့ရဲ့ရာထူးနေရာ စိတ်ချရသွားပြီလို့ သုံးသပ်လိုက်တဲ့ မိုက်ကယ်အိုဝင်

လီဗာပူးတိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်ကတော့ လာမယ့်ဘောလုံးရာသီသစ်အတွက် နည်းပြအန်းစလော့ရဲ့ရာထူးနေရာ အန္တရာယ်မရှိတော့ဘဲ စိတ်ချရပြီလို့ ပြောဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နယ်သာလန်သားနည်းပြရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဝေဖန်ခန့်မှန်းသံတွေ ထွက်ပေါ်ခဲ့ပေမဲ့ စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူခဲ့ပြီးနောက် လီဗာပူးအသင်းက အက်စတွန်ဗီလာကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၄ နေရာဆီ တက်လှမ်းခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အခြေအနေကောင်းသွားခဲ့ပါတယ်။

အန်ဖီးလ်မှာ အန်းစလော့ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းအပေါ် အိုဝင်က "လာမယ့်ရာသီမှာလည်း အန်းစလော့က လီဗာပူးရဲ့နည်းပြချုပ်အဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်လည်း သေချာသလောက် ရှိနေပြီဆိုတော့ ဒါက အန်းစလော့အတွက် လာမယ့်ရာသီကို အေးအေးဆေးဆေး စီစဉ်နိုင်ဖို့ အခွင့်အရေး ရသွားစေပါတယ်။ ဘယ်ကစားသမားတွေကို ခေါ်မလဲ၊ ဘယ်သူတွေကို အသင်းကနေ ထုတ်မလဲဆိုတာမျိုးတွေ စဉ်းစားဖို့ပေါ့"

"အီကီတီကီရဲ့ဒဏ်ရာအခြေအနေက လီဗာပူးကို အထိနာစေပေမဲ့ လာမယ့်ဘောလုံးရာသီအစလောက်မှာ သူ အဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ အီဆက်ခ်ပြန်လာနိုင်တာလည်း ကောင်းပေမဲ့ အီဆက်ခ်က အရှိန်အဟုန်အပြည့်မရရှိသေးလို့ ရာသီကုန်အထိ သူ့ကို ဂရုတစိုက်ကိုင်တွယ်သွားရပါလိမ့်မယ်" 

"ရာသီတစ်ခုလုံးကို ပြန်သုံးသပ်တဲ့အခါ အချက်အလက်တွေ အများကြီးရှိပြီး အန်းစလော့တစ်ဦးတည်းအပေါ်မှာတင် မဟုတ်ဘဲ တခြားအခြေအနေတွေကိုလည်း ကြည့်ရပါမယ်။ ဒါပေမဲ့ သူပဲ အသင်းကို ဆက်တာဝန်ယူသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံဖြစ်ခဲ့ပေမဲ့ အခုရာသီမှာ လီဗာပူးနဲ့ အန်းစလော့အတွက် အခက်အခဲဖြစ်စေတဲ့ အချက်တွေ အများကြီးရှိတယ်လို့ အိုဝင်က ထောက်ပြပါတယ်။

"လီဗာပူး အခုလို ခြေချော်သွားရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဂျိုတာကွယ်လွန်သွားတာအပြင် အီဆက်ခ်ခေါ်ယူဖို့ အပြောင်းအရွှေ့ကာလနောက်ဆုံးရက်တွေအထိ ကြာမြင့်ခဲ့တဲ့ကိစ္စတွေလည်း ရှိပါတယ်။ အီဆက်ခ်ကိုယ်တိုင်လည်း အသင်းမှာအံဝင်ဖို့ အချိန်ယူခဲ့ရသလို ဒဏ်ရာပြဿနာလည်း ရှိခဲ့တော့ သူ့ဆီမှ မျှော်လင့်ထားသလိုခြေစွမ်းမျိုး ဒီရာသီမှာ လုံး၀မရရှိခဲ့ပါဘူး"

"အသင်းမှထွက်ခွာသွားတဲ့ အာနိုးနဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့နေရာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါပေမဲ့ (ဒါဝင်နူးနက်ဇ် မရှိတော့တာကလည်း အသင်းအတွက် ဆုံးရှုံးမှုတစ်ခုလို့ ထင်ပါတယ်။ လီဗာပူးက သူ့ရဲ့ ရှေ့တန်းကို အားကိုးရတဲ့ပုံစံမျိုး ဒီရာသီမှာ လိုအပ်နေခဲ့ပါတယ်။ ကာကက်ဇ်ရောက်လာတာကလည်း အံဝင်ဖို့ အချိန်ယူခဲ့ရတော့ ပြောင်းလဲမှုတွေက လီဗာပူးအတွက် များလွန်းသွားခဲ့တယ်လို့ ထင်ပါတယ်" လို့ သူက ဆက်ပြောသွားခဲ့ပါတယ်။