ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ရော်နယ်ဒိုနှင့် ပေါ်တူဂီတို့ကို ကြောက်ရွှံ့နေမှာမဟုတ်တဲ့ ဂျော်ဂျီယာ
ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ တွင် ခရာဗက်စ်ခါလီယာ အတွက် အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သော်လည်း ဂျော်ဂျီယာဟာ ပေါ်တူဂီရဲ့ GOAT နှင့် ရင်ဆိုင်ရမှာကို ကြောက်ရွှံ့နေမှာ မဟုတ်ပါဘူး။
အုပ်စု F တွင် နောက်တစ်ဆင့်တက်ဖို့ နေရာများရှိနေသေးတာကြောင့် နောက်ဆုံး ၁၆ သင်းသို့ ရောက်နိုင်ဖို့ ပြိုင်ဆိုင်မှုတိုက်ပွဲက ရှိနေသေးတာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ချက်နှင့်တူရကီတို့ကို အနိုင်ရပြီးနောက် ရှုံးထွက်အဆင့်သို့ တက်လှမ်းဖို့ အာမခံချက်ရရှိထားပြီး ဖြစ်ပါတယ်။
ဂျော်ဂျီယာဟာ ရမှတ်တစ်မှတ်သာ ရရှိထားသော်လည်း ပေါ်တူဂီကို အနိုင်ရပါက နောက်တဆင့်သို့ တက်လှမ်းနိုင်မှာဖြစ်ကာ နာပိုလီကြယ်ပွင့် ခရာဗက်စ်ခါလီယာက ရော်နယ်ဒိုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ "သူဟာ ကျွန်တော့်အတွက် စံနမူနာပါပဲ။ ကွင်းထဲမှာ သူ့ကိုမြင်ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်အတွက် သူ့ကိုရင်ဆိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုပဲ ကျွန်တော်တို့ ဘာဖြစ်သွားလဲဆိုတာ တွေ့ပါလိမ့်မယ်" လို့ ဂျော်ဂျီယာကစားသမားက ပြောပါတယ်။
ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ရော်နယ်ဒိုနှင့် ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားသော်လည်း ကြောက်ရွှံနေမှာ မရှိဘဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ ဒါဗစ်တာစ်ဗီလီက ပြောကြားခဲ့ပါတယ်။ "သူနဲ့ ရင်ဆိုင်ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော် မကြောက်ပါဘူး။ အဲ့ဒါကို စောင့်မျှော်နေပါတယ် ဒီအသင်းတွေနဲ့ ကောင်းကောင်းကစားနိုင်တယ်ဆိုတာကို ပြသချင်ပါတယ်"လို့ ပြောပါတယ်။
နည်းပြ ရောဘတ်တိုမာတီနက်ဇ်က သူ့ရဲ့အသင်းကို အလှည့်ကျကစားရန်လုပ်ဆောင်မှာဖြစ်လို့ ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့တွင် အနားယူရဖို့လည်း ရှိနေပါတယ်။ ပွဲချိန်တွင်းမှာ အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒိုက ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး ပွဲပြီးတဲ့အခါ အင်္ကျီလဲလှယ်မှုလုပ်ဆောင်နိုင်ရန် ခရာဗက်စ်ခါလီယာက မျှော်လင့်နေပါတယ်။