The network connection is lost.

Banner Image

ကိုင်စီဒို၊ အန်ဇိုနဲ့ ပက်ဒရိုတို့ရဲ့ဒဏ်ရာပြဿနာအခြေအနေတွေကို အသိပေးလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ဝုဗ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာတွေကိုယ်စီကြုံတွေ့ခဲ့ရတဲ့ ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ပက်ဒရိုနက်တိုတို့ရဲ့ အခြေအနေတွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပေမယ့် အဓိက ကစားသမားအချို့ရဲ့ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေအကြား စိုးရိမ်စရာတွေရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက "ကိုင်စီဒိုက အဆင်ပြေပါတယ်။ ပထမပိုင်းမှာ ဒူးခေါင်းကိုအကန်ခံခဲ့ရပေမယ့် မပြင်းထန်လို့ ပွဲပြီးတဲ့အထိ ကစားနိုင်ခဲ့ပါတယ်။ ပွဲပြီးပြီးချင်းမှာလည်း သူအဆင်ပြေလားဆိုတာ ကျွန်တော်မေးပြီးပါပြီ"

"ပက်ဒရိုနက်တိုနဲ့ အန်ဇိုတို့ကတော့ လူစားလဲဖို့အတွက်တောင်းဆိုခဲ့ကြလို့ သူတို့ကို အနားပေးခဲ့တာပါ။ နက်တိုက ပေါင်ခြံမှာ ဒဏ်ရာပြဿနာရှိနေပြီး အန်ဇိုကတော့ ဒူးခေါင်းမှာပါ။ သူတို့အခြေအနေဘယ်လိုရှိလဲ ကျွန်တော်တို့ အခုပဲအကဲဖြတ်သွားတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

အန်ဇိုဟာ အဆိုပါဒူးခေါင်းဒဏ်ရာကြောင့်ပဲ ယခုတစ်ခေါက် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံထားရပြီး ၂ ပတ်ကြာ အနားယူသွားရမှာဖြစ်ပါတယ်။ နက်တိုကတော့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ရမှတ်လိုအပ်မှုကြောင့် လက်ရွေးစင်အသင်းနဲ့ပူးပေါင်းသွားမလား မသိရသေးပေမယ့် ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ယုံကြည်မှု ကို ရရှိထားပြီးဖြစ်လို့ အန်ဇိုနဲ့အတူ ကြံ့ခိုင်ရေးတည်ဆောက်ဖို့ပဲ အာရုံစိုက်သွားဖွယ်ရှိပါတယ်။ 

ကိုင်စီဒိုကတော့ လောလောဆယ်မှာ အီကွေဒေါလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခြင်းမရှိသေးပေမယ့် မကြာခင်မှာပဲ ပူးပေါင်းဖို့အတွက် ချဲလ်ဆီးမှထွက်ခွာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ကစားသမားအချို့ဒဏ်ရာရခဲ့ပေမယ့် ဝုဗ်ကိုအနိုင်ရပြီးနောက် မာရက်စ်ကာရဲ့ ကစားကွက်အခင်းအကျင်းကို ကစားသမားဟောင်းဂယ်ရီအိုနေးလ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားခဲ့ပါတယ်။