
ယူနိုက်တက်စတားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဂျင်တိုင်းသားအတွက် မကမ်းလှမ်းခင်မှာ ယူနိုက်တက်နဲ့ ကနဦးဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဂါနာချိုအပြင် ချဲလ်ဆီးဟာ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်ကိုလည်း ချိတ်ဆက်နေပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကေတော့ ဂါနာချိုဟာ ချဲလ်ဆီးနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် လန်ဒန်မြေကိုရောက်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။
ချဲလ်ဆီးကတော့ လက်ရှိမှာ ယူနိုက်တက်နဲ့ ကနဦးပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးနေပါတယ်။ ဘီဘီစီသတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဂါနာချိုအတွက် ပေါင်သန်း ၅၀ လောက်တောင်းဆိုဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ အာမိုရင်က အသင်းသစ်ရှာဖွေခိုင်းခဲ့ပြီးနောက် ဂါနာချိုဟာ အခုနွေရာသီအစကတည်းက ယူနိုက်တက်ကနေထွက်ခွာဖို့ သေချာနေတာဖြစ်ပါတယ်။ ဂါနာချိုအပြောင်းအရွှေ့ကနေ ယူနိုက်တက်အနေနဲ့ ဘဏ္ဍာရေးအတွက် အကျိုးအမြတ်တစ်ခုရရှိလာမှာဖြစ်ပါတယ်။
အသက် ၂၁ နှစ်သားဟာ ၂၀၂၂ တုန်းက တီကိုအသင်းထံကနေ ယူနိုက်တက်လူငယ်အကယ်ဒမီကိုရောက်လာခဲ့တာဖြစ်ပြီး ၂ နှစ်အကြာမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဂါနာချိုအပြင် အခြားတစ်ဖက်မှာ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်ကိုလည်း ချိတ်ဆက်နေပါတယ်။ ယူနိုက်တက်ကတော့ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။