The network connection is lost.

Banner Image

လီဘရစ်ကို ရာထူးမှထုတ်ပယ်မှာမဟုတ်တဲ့ ဆန်းဒါးလန်း

လတ်တလောမှာ သတင်းအမျိုးမျိုး ထွက်ပေါ်နေပေမဲ့ ဆန်းဒါးလန်းအသင်းဟာ မန်နေဂျာ ရာဂျစ်လီဘရစ်နဲ့ လမ်းခွဲဖို့ လုံးဝအစီအစဉ်မရှိပါဘူး။

အသက် ၅၀ အရွယ် လီဘရစ်ဟာ အသင်းကို ဥရောပဝင်ခွင့်ရအောင် မစွမ်းဆောင်ပေးနိုင်ရင် အသင်းကနေ ထုတ်ပယ်ခံရလိမ့်မယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ လက်ရှိမှာ ပွဲစဉ် ၃၃ ပွဲ ကစားပြီး ရမှတ် ၄၆ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပြီး နောက်ဆုံးဥရောပဝင်ခွင့်နေရာမှာ ရှိနေတဲ့ ဘုန်းမောက်အသင်းနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။

နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရတော့ ဒီသတင်းတွေဟာ လုံးဝအခြေအမြစ်မရှိဘဲ ဆန်းဒါးလန်းအသင်းဟာ လီဘရစ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အလွန်ကျေနပ်အားရနေတယ်လို့ သိရပါတယ်။

အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာသွားပြီဖြစ်သလို ဆန်းဒါးလန်းအသင်းဟာ လာမယ့်ရာသီအတွက်လည်း လီဘရစ်ကိုပဲ ဦးဆောင်စေပြီး ရှေ့ဆက်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။