The network connection is lost.

Banner Image

တော့တင်ဟမ်သာ တန်းဆင်းသွားပါက ဗန်ဒီဗန်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ လီဗာပူးတို့ အပြိုင်ကြိုးပမ်းဖို့ရှိနေ

တော့တင်ဟမ်သာ တန်းဆင်းသွားမယ်ဆိုရင် မစ်ကီဗန်ဒီဗန်က အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာနိုင်ပြီး ယူနိုက်တက်နဲ့ လီဗာပူးတို့ကလည်း ကမ်းလှမ်းမှုတွေလုပ်ဖို့ အသင့်ဖြစ်နေကြပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ အစပိုင်းပွဲစဉ်တွေမှာ တစ်ပွဲမှ နိုင်ပွဲမရသေးတဲ့အတွက် တော့တင်ဟမ်ဟာ တန်းဆင်းဇုန်ထဲကို ရောက်ရှိနေပါတယ်။ ရာသီရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ အသင်းက တိုက်ပွဲဝင်လိုစိတ် နည်းပါးနေတာကြောင့် တော့တင်ဟမ်ပရိသတ် တော်တော်များများကတော့ သူတို့အသင်း ချန်ပီယံရှစ်ကို ဆင်းရတော့မယ်လို့ ယုံကြည်နေကြပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဘရိုက်တန်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နိုင်ပွဲမရခဲ့တာကြောင့် တော့တင်ဟမ်ဟာ အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။

အကယ်၍ တန်းဆင်းသွားခဲ့မယ်ဆိုရင်တော့ မြောက်လန်ဒန်ကလပ်မှာရှိတဲ့ ကစားသမားတော်တော်များများဟာ ရည်မှန်းချက်ရှိရုံတင်မကဘဲ နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရမယ့် အသင်းသစ်တွေကို ရှာဖွေပြီး ထွက်ခွာသွားကြမှာ အသေအချာပါပဲ။

အခုထွက်ပေါ်လာတဲ့ သတင်းတွေအရ တော့တင်ဟမ်သာ တန်းဆင်းသွားမယ်ဆိုရင် နောက်ခံလူ ဗန်ဒီဗန်ဟာ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ သူနဲ့ သူ့ရဲ့အသင်းဖော်တွေဟာ ထိပ်တန်းလိဂ်ကနေ ထွက်ခွာရတော့မယ့် အသင်းရဲ့ အခြေအနေကြောင့် သူတို့ရဲ့အနာဂတ်အတွက် စဉ်းစားနေကြတာပါ။

လာမယ့်လတွေမှာ သူတို့ရဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေကြတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ဗန်ဒီဗန်ကို စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးဟာ ကွန်နတေးကို စာချုပ်သစ် မချုပ်ရသေးသလို ခံစစ်မှာလည်း အသက်အရွယ်ရလာပြီဖြစ်တဲ့ ဗန်ဒိုက်ကို အားကိုးနေရပါတယ်။ ဒါ့အပြင် ရာသီကုန်မှာ ရော်ဘတ်ဆင်ကိုလည်း နှုတ်ဆက်ရတော့မှာပါ။

တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ မိုက်ကယ်ကားရစ် လက်ထက်မှာ ပြန်လည်ဦးမော့လာပြီး ဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ကစားသမား အလှည့်ကျသုံးနိုင်ဖို့ ဗန်ဒီဗန်လို အရည်အချင်းရှိတဲ့သူတွေကို လိုအပ်နေတာပါ။

အသက် ၂၅ နှစ်အရွယ် ဗန်ဒီဗန်ဟာ တော့တင်ဟမ်နဲ့ ၂၀၂၉ အထိ စာချုပ်ရှိနေပေမဲ့ အသင်းက တန်းဆင်းဖို့ ပိုပြီးနီးစပ်လာတာကြောင့် သူ့ရဲ့အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။ တော့တင်ဟမ်သာ တန်းဆင်းသွားမယ်ဆိုရင်တော့ လာမယ့်လတွေမှာ ကလပ်အသင်းတော်တော်များများဆီကနေ ကမ်းလှမ်းမှုတွေ အသေအချာ ရောက်လာတော့မှာ ဖြစ်ပါတယ်။