အာဒါဂူလာကို ခေါ်ယူဖို့ အကြီးအကျယ် စီစဉ်နေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အာဒါဂူလာကို ခေါ်ယူဖို့ အကြီးအကျယ် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဒါဂူလာဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပုံမှန်ကစားသမားတစ်ဦးအဖြစ် ခြေကုပ်ယူထားနိုင်ခဲ့ပြီး ပွဲပေါင်း ၅၀ ကစားထားရာမှာ ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
Caught Offside ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဂူလာကို မြောက်လန်ဒန်ဆီ ခေါ်ဆောင်နိုင်ဖို့အတွက် သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။
ဒါပေမဲ့လည်း အာတီတာရဲ့ အသင်းအနေနဲ့ ဂူလာကို အသင်းပြောင်းလာဖို့ စည်းရုံးရာမှာတော့ အခက်အခဲများစွာကို ကျော်ဖြတ်ရဦးမှာပါ။
ပြိုင်ဘက် ချယ်လ်ဆီးအသင်းကလည်း အခြေအနေကို စောင့်ကြည့်နေပေမဲ့ ဂူလာအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ဖို့ကတော့ ဖြစ်နိုင်ခြေ ပိုပြီးတော့တောင် နည်းပါးနေပါတယ်။