The network connection is lost.

Banner Image

ဒေါ့မွန်သို့ တတိယအကြိမ်ပြန်သွားမယ့် ဆန်ချို

ဂျေဒန်ဆန်ချိုက ဒေါ့မွန်ကို တတိယအကြိမ်အဖြစ် ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပြီး နည်းပြ နီကိုကိုဗက်ကလည်း ဒီအပြောင်းအရွှေ့ကို ခွင့်ပြုလိုက်ပါတယ်

အစီရင်ခံစာတွေအရ ဂျေဒန်ဆန်ချိုဟာ ဒီနွေရာသီမှာ ဘိုရူးရှားဒေါ့မွန်အသင်းဆီ ပြန်ဖို့ ဆန္ဒရှိနေပြီး နည်းပြ နီကိုကိုဗက်ကလည်း သူ့ရဲ့ သဘောတူညီချက်ကို ပေးထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ဒီရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်အေးဂျင့်အဖြစ်နဲ့ ထွက်ခွာနိုင်တော့မယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိမှာ အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပေမဲ့ နည်းပြ အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ ပွဲပေါင်း ၃၃ ပွဲ ကစားပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

Sky Sports ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ ပရီမီယာလိဂ်ကို ကျောခိုင်းပြီး ဒေါ့မွန်ဆီ ပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေသာ အဆင်ပြေမယ်ဆိုရင် နှစ်ဖက်စလုံးက ပြန်လည်လက်တွဲဖို့ အလိုရှိနေကြပြီး နည်းပြ ကိုဗက်ကလည်း ဒီအပြောင်းအရွှေ့အတွက် ခွင့်ပြုချက် ပေးထားပြီးသား ဖြစ်ပါတယ်။