
ဆာလီဘာလိုမျိုး စာချုပ်သစ်ချုပ်ဆိုဖို့ ဆာကာကို အာတီတာတိုက်တွန်း
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဘူကာယိုဆာကာအနေနဲ့ ဝီလီယံဆာလီဘာကိုအတုယူပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ တရားဝင်ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ နောက်ခံလူဆာလီဘာဟာ ၂၀၃၀ ခုနှစ်အထိ အာဆင်နယ်အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်ကိုသဘောတူညီခဲ့တာကြောင့်ဖြစ်ပါတယ်။ ဆာကာရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာကြောင့် အာတေတီက အဆိုပါကစားသမားဟာ အသင်းအတွက် အရမ်းကိုအရေးကြီးတယ်လို့ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေကို အာတီတာက "သူဒီမှာ စာချုပ်သစ်ချုပ်ဆိုတာကိုကျွန်တော်အရမ်းလိုချင်ပါတယ်။ သူက အရမ်းကိုပျော်ရွှင်ပြီး ဒီဘောလုံးကလပ်မှာရှိနေတဲ့ သူ့ရဲ့အခန်းကဏ္ဍအတွက် ဂုဏ်ယူနေတဲ့ကစားသမားတစ်ယောက်ပါ"လို့ ပြောခဲ့ပါတယ်။ ESPN ရဲ့အဆိုအရ ဆာကာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်မှုမရှိသေးပေမဲ့ အာတီတာက အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆာကာဟာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး (၂၆၇) ပွဲကစားရာမှာ (၇၁) ဂိုးသွင်းယူ၊ (၇၁) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာကာကတော့ အာဆင်နယ်အသင်းအတွက် အသင်းတံဆိပ်ကိုဝတ်ဆင်ပြီး အောင်ပွဲခံချင်ပါတယ် လို့အရင်ကပြောကြားခဲ့ဖူးပေမဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိသေးတာကြောင့် အလျင်စလိုလုပ်စရာမလိုဘူး လို့ဆိုပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂါဘရီရယ်၊ မိုင်လ်စ်လူးဝစ်-စကယ်လီ နဲ့ အီသန်ဝမ်နရီ တို့ကိုလည်း စာချုပ်သစ်တွေချုပ်ဆိုထားပါတယ်။