The network connection is lost.

Banner Image

ဂျိုကာရက်စ်ကိုခေါ်ယူဖို့ အပြီးသတ်လုပ်ဆောင်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အာဆင်နယ်ဟာ ဆွီဒင်လက်ရွေးစင်ကိုခေါ်ယူဖို့ ပေါင် ၆၃.၅ သန်းနဲ့သဘောတူညီမှုရရှိထားပြီး လာမယ့် ၂၄ နာရီအတွင်းမှာပဲ ခေါ်ယူသွားနိုင်ချေရှိပါတယ်။ ဘီဘီစီသတင်းဌာနရဲ့အဆိုအရ နှစ်သင်းအကြား အဓိကဆွေးနွေးညှိနှိုင်းမှုတွေက ပြီးဆုံးခဲ့ပြီဖြစ်ပြီး အသေးစားဆွေးနွေးမှုတွေသာ ကျန်ရှိတော့တယ်လို့သိရပါတယ်။ 

ဂျိုကာရက်စ်အနေနဲ့ ယခုတစ်ပတ်အကုန် အာရှသို့ခြေစမ်းခရီးစဉ်ထွက်ခွာသွားမယ့် အာဆင်နယ်ရဲ့လူစာရင်းမှာ ပါဝင်သွားနိုင်ဖို့ရှိနေပါတယ်။ ကစားသမားဟာ အာဆင်နယ်နဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုဖို့လည်း သဘောတူညီထားပြီးဖြစ်ပါတယ်။ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ခိုကိုခေါ်ယူဖို့ကျရှုံးခဲ့ပြီးနောက် အာဆင်နယ်ရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ ပြီးခဲ့တဲ့အပတ်မှာ လစ္စဘွန်းသို့ လေယာဉ်နဲ့ထွက်ခွာခဲ့ပြီး ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့အတွက် တွန်းအားပေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက စပို့တင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲကစားပြီး ၅၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဂျိုကာရက်စ်ဟာ အသင်းမှထွက်ခွာဖို့စိတ်အားထက်သန်နေတာကြောင့် ပေါ်တူဂီကလပ်ရဲ့ ရာသီကြိုအစီအစဉ်တွေမှာပါဝင်ဖို့ ငြင်းဆန်ထားခဲ့တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့က စပို့တင်းဥက္ကဌ ဖရက်ဒရစ်ကိုဗာရန်ဒက်စ်က ဂျိုကာရက်စ်ကို အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာချိုးဖောက်မှုအတွက် အရေးယူသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်-၂၇ နှစ်အရွယ် ကိုဗင်ထရီကြယ်ပွင့်ဟောင်းဟာ စပို့တင်းမှာနေထိုင်ခဲ့တဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၁၀၂ ပွဲကစားကာ ၉၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီအမှတ်ပေးဖလား ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။