The network connection is lost.

Banner Image

ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးကိုရောင်းထုတ်မယ့် အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ အခုလာမယ့်ဇန်နဝါရီမှာ တိုက်စစ်မှူး ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ရောင်းထုတ်မယ်လို့ သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးအများအပြားအသုံးပြုထားတဲ့ အာဆင်နယ်ဟာ ဇန်နဝါရီမှာ အနည်းငယ်လောက်သာ လှုပ်ရှားဖွယ်ရှိနေပါတယ်။  ဂျီးဆပ်စ်ဟာ ၂၀၂၂ တုန်းက အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂ နှစ်အကြာမှာတော့ အာတီတာလက်အောက်မှာ အဆင်မပြေဖြစ်လာခဲ့သလို ဒဏ်ရာပြဿနာတွေအပြင် ၊ မတည်ငြိမ်တဲ့စွမ်းဆောင်ရည်ကြောင့် အနာဂတ်က မသေချာလာတော့တာဖြစ်ပါတယ်။

မေးလ်အွန်လိုင်းသတင်းဌာနရဲ့အဆိုအရ ဂျီးဆပ်စ်အနေနဲ့ အာဆင်နယ်အတွက် နောက်ဆုံးပွဲကို ပါဝင်ကစားပြီးလို့ ဖော်ပြခဲ့ပါတယ်။ ပွဲဦးထွက်ရာသီမှာ ဘရာဇီးသားဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမရာသီက ထင်ထားသလိုဖြစ်မလာခဲ့ပဲ ဇန်နဝါရီမှာ ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါဒဏ်ရာတွေကြောင့်ပဲ အာဆင်နယ်မှာ ရုန်းကန်လာခဲ့ရပြီး အခုချိန်မှာတော့ အသင်းပြောင်းရဖို့များနေပါတယ်။ အာဆင်နယ်တိုက်စစ်မှာ ဟာဗက်ဇ်အပြင် အခုလက်ရှိယိုကရက်စ်ပါရှိနေတာကြောင့် ဂျီးဆပ်စ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့မသေချာတော့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားအတွက် အာဆင်နယ်ဘက်က ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားကာ ဘရာဇီးကလပ်တွေဖြစ်တဲ့ ဖလာမင်ဂို နဲ့ ပါးလ်မီးရက်စ်တို့က စိတ်ဝင်စားနေပါတယ်။

အဲဗာတန်ကလည်း လာမယ့်ဆောင်းဈေးကွက်မှာ ဂျီးဆပ်စ်ကိုခေါ်ယူချင်နေပြီး အာဆင်နယ် နဲ့ ဘရာဇီးသားတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်ရှိနေပါတယ်။ ဒါပေမယ့် စာချုပ်သစ်ထပ်မချုပ်ဖြစ်တော့တာကြောင့် အသင်းကနေထွက်ခွာရဖို့များနေပါတယ်။ အာဆင်နယ်ဟာ နွေရာသီတုန်းက ငွေကြေးအများအပြားအသုံးပြုထားခဲ့တာကြောင့် ဇန်နဝါရီမှာ အရောင်းဘက်ကို အာရုံစိုက်ဖွယ်ရှိနေပါတယ်။

လက်ရှိမှာလည်း နယ်လ်ဆင် ၊ ခီဗီယော ၊ လိုကွန်ဂါတို့ကိုရှင်းထုတ်ထားပြီး ဂျီးဆပ်စ်ကိုပါ ထပ်မံရောင်းချမှာဖြစ်ပါတယ်။  အသင်းဘက်က ရေရှည်အတွက်လည်း ရှန်ရော့ခ်ရိုဗာအသင်းစတား ဗစ်တာအိုဇာဟီရန်ဗူနာကိုခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ အိုင်ယာလန်သားဟာ လက်ရှိအိုင်ယာလန်ယူ - ၁၅ နဲ့ ၁၈ အသင်းတွေမှာပါဝင်နေပြီး အသက် ၁၈ နှစ်ပြည့်ချိန် လာမယ့် ၂၀၂၇ ဇန်နဝါရီမှာ အာဆင်နယ်ထံ တရားဝင်ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။