
အာဆင်နယ်စတားတစ်ဦးနဲ့ပတ်သက်ပြီး အာတီတာကို မေးခွန်းထုတ်လိုက်တဲ့ ခရစ္စဝက်ဒဲလ်
အင်္ဂလန်စတားဟောင်း ခရစ္စဝက်ဒဲလ်က အာတီတာအနေနဲ့ အသင်းမှာရှိပြီးသားကစားသမားအတွက် ဗစ်တာယိုကရက်စ်ကိုဘာကြောင့်ခေါ်ယူလဲဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။ အာဆင်နယ်ဟာ ဆုဖလားတွေနဲ့လွဲချော်ခဲ့ပြီးနောက် ဆွီဒင်သားကို တိုက်စစ်ပိုင်းအတွက် နွေရာသီတုန်းက ခေါ်ယူခဲ့ပါတယ်။
ယိုကရက်စ်ဟာ စပို့တင်းမှာတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၁၀၂ ပွဲမှာ ၉၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၇ နှစ်သားဟာ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်သလို အာဆင်နယ်က ယူနိုက်တက်ကိုကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လတုန်းက အိမ်ကွင်းပွဲဦးထွက်အဖြစ် လိဒ်ယူနိုက်တက်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ၈ ပွဲမှာတော့ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
အာတီတာကတော့ ယိုကရက်စ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ကာ ဂိုးမသွင်းနိုင်ရင်တောင် အသင်းကိုကူညီပေးနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဝက်ဒဲလ်ကတော့ အာဆင်နယ်ရဲ့အပြောင်းအရွှေ့ကို မေးခွန်းထုတ်ခဲ့ပါတယ်။ “ကျွန်တော် ကိုဗင်ထရီနဲ့ပွဲမှာ သူကစားတာကိုကြည့်ဖြစ်ခဲ့ပါတယ်။ သူက အမြဲတမ်းမခန့်မှန်းနိုင်ပါဘူး။ သူက ဘောလုံးကို အတွင်းထဲကနေ လက်ခံပြီး ကစားသမား ၂ ယောက်လောက်ကိုကျော်ဖြတ်ကာ ဂိုးသွင်းနိုင်တာပါ။
သူက တူညီတဲ့အနေအထားမျိုးနဲ့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ စပို့တင်းမှာ အလုပ်ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာက အဆင့်အတန်းကွာခြားပါတယ်။ ဒါပေမယ့် သူအလုပ်ကြိုးစားပါတယ်။ ဘောလုံးကိုပဲ ကြည့်နေတာပါ။ သူက အဲ့လိုကစားသမားမျိုးပါ။ ဒါပေမယ့် အခုချိန်မှာ သူ့အနေနဲ့ နောက်တစ်ဆင့်တက်နိုင်မယ့်သူမျိုးမဟုတ်တော့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
ယိုကရက်စ်အနေနဲ့ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်ရမှာဖြစ်ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ယိုကရက်စ်ရဲ့အေးဂျင့်ဖြစ်သူက စပို့တင်းထံ ယူနိုက်တက်က မြင့်မားတဲ့ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့သလို ရောင်းချဖို့ သဘောတူခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
“ဆော်ဒီလိဂ်ကလည်း ကမ်းလှမ်းလာခဲ့ပြီး အရမ်းကိုမှကြီးမားတဲ့ငွေကြေးတစ်ခုနဲ့ ကမ်းလှမ်းလာခဲ့တာပါ။ ဗစ်တာတစ်ယောက် အဲ့မေးခွန်းကို အချို့နေ့တွေမှာ ဖြေကြားခဲ့ပါတယ်။ အဆုံးသတ်တစ်နေ့မှာ ငွေတွေလာပြီးတော့ ငွေတွေပြန်ထွက်သွားမှာပါ။ အာဆင်နယ်ကိုပြောင်းတာက ကောင်းမွန်တဲ့မားကက်တင်းပါ။
အာဆင်နယ်ထံမပြောင်းခင်မှာ စပို့တင်းနဲ့လည်း ပြဿနာရှိခဲ့ပါတယ်။ သူတို့က ယူနိုက်တက်ထံ ရောင်းချခဲ့တာပါ။ ဘာလို့လဲဆိုတော့ ယူနိုက်တက်က အာဆင်နယ်ထက် ပြောင်းရွှေ့ကြေးပိုပေးခဲ့တာကြောင့်ပါ။ သူတို့ခေါ်တိုင်းမှာ ဗစ်တာက နိုးနိုးနိုးလို့ပဲပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အာဆင်နယ်ကိုပဲသွားချင်တာကြောင့်ပါ”လို့ ဂျိုနသန်က ပြောကြားခဲ့ပါတယ်။