The network connection is lost.

Banner Image

ဗီလာရီးရဲလ်မှာ ဆက်ရှိမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး မာဆယ်လီနို နှုတ်ဆိတ်နေ

ဗီလာရီးရဲလ်အသင်းရဲ့ နည်းပြဖြစ်သူ မာဆယ်လီနိုဟာ အဝါရောင်ရေငုပ်သင်္ဘောလို့ တင်စားကြတဲ့ သူ့ရဲ့အသင်းမှာ ဆက်ရှိမယ့် အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အတိအကျ ထုတ်ဖော်မပြောဘဲ ရှိနေပါတယ်။ မာဆယ်လီနိုနဲ့ ဗီလာရီးရဲလ်တို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေဘက်ကတော့ သူတို့ရဲ့ နည်းပြကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ အသည်းအသန် လိုလားနေကြပေမဲ့ မာဆယ်လီနိုကတော့ သူ့ရဲ့အစီအစဉ်တွေကို အခုထက်ထိ ထုတ်မပြောသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ဂျီရိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဒီကနေ့မနက်မှာ မာဆယ်လီနိုက "အခုထိတော့ ဘာမှ ထူးခြားတဲ့ လှုပ်ရှားမှု မရှိသေးပါဘူး။ အမှန်အတိုင်း ပြောရရင် စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ စတင်ခဲ့တုန်းကလည်း ဒါကို ခေတ္တရပ်နားထားဖို့ နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြတာပါ၊ အဲဒီလို လုပ်တာက အသင်းအတွက် ပိုကောင်းလိမ့်မယ်လို့ နှစ်ဖက်စလုံးက ယူဆခဲ့ကြလို့ပါ။ ပွဲတစ်ပွဲ နိုင်တာ၊ ရှုံးတာက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အောင်မြင်မှု မရသေးလို့ပါ။ ဒီကနေပြီးတော့မှ အခြေအနေတွေကို ဆက်ကြည့်သွားရမှာပါ။ ရာသီကုန်သွားတဲ့အခါမှာတော့ နည်းပြအဖွဲ့ဝင်တွေ ဆက်ရှိမလား၊ မရှိဘူးလားဆိုတာ သိရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။