ဆုဖလားမှတ်ချက်နဲ့ပတ်သက်ပြီး အာနိုးလ်ရဲ့ပြောကြားချက်ကို အကန်ဂျီ ပြန်လည်တုံ့ပြန်
လီဗာပူးအသင်းဆုဖလားရရှိတာနဲ့ ပတ်သက်ပြီး အာနိုးလ်ရဲ့ပြောကြားချက်ကို မန်စီးတီးနောက်ခံလူ အကန်ဂျီက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
တနင်္ဂနွေနေ့တုန်းက အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲမှာ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တာဖြစ်ပြီး အာနိုးလ်က လီဗာပူးအသင်း ဆုဖလားအောင်မြင်မှုရတာက အသင်းအတွက်ကော ပရိသတ်တွေအတွက်ပါ အဓိပ္ပာယ်အများကြီးရှိသလို ဘာလို့လဲဆိုတော့ ၂ သင်းစလုံးရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာအရလည်း ဆက်စပ်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
စီးတီးကစားသမားတော်တော်များများက အာနိုးလ်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး သူတို့ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့သလို အာနိုးလ်မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
အဲ့နောက် အကန်ဂျီကလည်း “သူက ဒီလိုနည်းနဲ့တိုက်ခိုက်ဖို့ကြိုးပမ်းပေမယ့် ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ သူ့ပြောကြားချက်က ကျွန်တော်တို့ကို အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာ ကျွန်တော်တို့ ကွင်းတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကို ပြသသွားမှာပါ။ ကျွန်တော်ဆိုလိုတာက အဲ့တာက ကျွန်တော့်ကို အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ သူဘာကြောင့် ဒီလိုပြောလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူကစားတောင်မကစားရပါဘူး။ သူ့အနေနဲ့ အခုလိုပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူဖလား ၃ လုံးချန်ပီယံတောင်မဖြစ်ဖူးပါဘူး။ ဒါပဲ ကျွန်တော်ပြောချင်ပါတယ်။ တစ်နှစ်အတွင်းမှာ ဆုဖလား ၃ လုံး ဒါမှမဟုတ် ၅ လုံးရယူနိုင်တယ်ဆိုရင် သူပြောတာကို လက်ခံပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
အာနိုးလ်ဟာ ဒူးအရွတ်ကြောဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲကို လွဲချော်ခဲ့ပြီး ချဲလ်ဆီးကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ နေက်ဆုံးပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အခုလက်ရှိအချိန်မှာ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပြီး ကလော့ပ်ရဲ့နောက်ဆုံးရာသီလည်း ဖြစ်တာကြောင့် စီးတီးလုပ်ခဲ့သလိုမျိုး လုပ်ဆောင်ချင်နေပါတယ်။