The network connection is lost.

Banner Image

အေစီမီလန်နဲ့ဆွေးနွေးခဲ့ပေမဲ့ အင်တာမီလန်မှာပဲ ဆက်ရှိနေချင်တယ်လို့ ဝန်ခံလိုက်တဲ့ အကန်ဂျီ

အင်တာမီလန်နောက်ခံလူအကန်ဂျီကတော့ အသင်းမှာ ဆက်ရှိနေဖို့ ဆန္ဒရှိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ လက်ရှိမှာတော့ ဆွစ်ဇာလန်နောက်ခံလူက မန်စီးတီးမှ အင်တာမီလန်ဆီ အငှားဖြင့်လာရောက်ကစားနေပြီး သူ့ရဲ့စာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့်အချက်အလက် မပါဝင်ပါဘူး။

"အသင်းနဲ့ နည်းပြက ကျွန်တော့်ကို အသင်းနဲ့ အမြန်ဆုံးအသားကျအောင် ကူညီပေးခဲ့ကြပါတယ်။ ဒီကလပ်အသင်းရဲ့ ကွင်းလယ်မှာရော၊ ခံစစ်သုံးယောက်တန်းရဲ့ ညာဘက်ခြမ်းမှာပါ ကစားရတာ တကယ်ကို အဆင်ပြေပါတယ်။ ကျွန်တော့်အတွက်တော့ တကယ့်ကိုကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ အကန်ဂျီက ဆိုပါတယ်။

ဆက်လက်ပြီး သူက "တကယ်လို့ ကျွန်တော်တို့ ဆုဖလားတွေရယူနိုင်ခဲ့ရင်တော့ ရှေ့ဆက်မယ့်ကိစ္စတွေကို ထိုင်ပြီး ဆွေးနွေးရမယ့်အချိန် ရောက်လာပါလိမ့်မယ်။ ဒီမှာနေရတာ အဆင်ပြေပေမဲ့ အခုတော့ ဒါတွေပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ ထင်ပါတယ်။ မကြာခင်မှာ ဒီအကြောင်းတွေ ပြောဖြစ်ဖို့ရှိပေမဲ့ အခုလောလောဆယ်မှာတော့ အသင်းအတွက် အကောင်းဆုံးကစားပေးဖို့ပဲ အာရုံစိုက်ထားပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အာကန်ဂျီက "ပြီးခဲ့တဲ့နွေရာသီမှာ အေစီမီလန်နဲ့ စကားပြောဖြစ်ခဲ့သေးတယ်၊ ဒါပေမဲ့ အင်တာမီလန်က ကျွန်တော့်အတွက် ပိုပြီး သင့်တော်မယ်လို့ ယူဆခဲ့ပါတယ်။ တကယ်လည်း အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အေးဂျင့်က ကလပ်အသင်းနဲ့ ညှိနှိုင်းခဲ့ပြီး ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော့်အတွက် ပိုကောင်းသွားပါတယ်" လို့လည်း ဖွင့်ဟခဲ့ပါတယ်။