
ဆောက်သမ်တန်နဲ့ သရေကျပြီးနောက် မန်စီးတီးဟာ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ပြောကြားလိုက်တဲ့ အကန်ဂျီ
မန်စီးတီး နောက်ခံလူ မန်နူယယ် အကန်ဂျီက စနေနေ့က ဆောက်သမ်တန်နဲ့ ဂိုးမမရှိသရေကျပြီးနောက် တည်ငြိမ်စွာ တုံ့ပြန်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးဟာ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပေမယ့် ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ အက်စတွန် ဗီလာတို့ကို နှစ်မှတ်သာ ဖြတ်ထားနိုင်ပါတယ်။
"ကြိုးစားအားထုတ်မှုတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" "ကျွန်တော်တို့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းသင့်တဲ့ အခွင့်အရေးတချို့လည်း ရခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက် ကြိုးစားခဲ့ပေမယ့် ဒီနေ့မှာတော့ ဂိုးမဝင်ခဲ့ပါဘူး။ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ပိုကောင်းတဲ့ ဘောလုံးပေးပို့မှုတွေ လုပ်နိုင်ခဲ့ရင် ဒါမှမဟုတ် နောက်ဆုံးမှာ ပိုကောင်းတဲ့ အဆုံးသတ်မှုတွေ လုပ်နိုင်ခဲ့ရင် ဂိုးရနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဟာ အဲဒီလိုနေ့တွေထဲက တစ်နေ့ဖြစ်ပြီး ဂိုးမဝင်ခဲ့ပါဘူး"
"ပွဲရဲ့ ပထမ ၁၅ မိနစ်မှာ အားလုံးပုံအောပြီး မကစားနိုင်ပါဘူး။ ပွဲကို ထိန်းချုပ်ရပြီး သူတို့ ပင်ပန်းသွားတဲ့အထိ စောင့်ရပါတယ်။ ဒုတိယပိုင်းက ပထမပိုင်းထက် ပိုလွယ်ကူပါတယ်။ကျွန်တော်တို့ ပထမမိနစ်ကတည်းက ကြိုးစားခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။ ၁၀၀% သေချာတဲ့ အခွင့်အရေးတွေတော့ မဟုတ်ပေမယ့် ဂိုးသွင်းဖို့ အခွင့်အရေးတွေတော့ ရခဲ့ပါတယ်"
"ဒါပေမဲ့ ဂိုးမဝင်ခဲ့ပါဘူး။ ပြိုင်ဘက်က ကောင်းကောင်း ကာကွယ်ခဲ့ပြီး ဂိုးသမားကလည်း ကောင်းကောင်း ကာကွယ်ခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ်ကစားခဲ့ပါတယ်" "သူတို့တွေလည်း ဒီနေ့မှာ အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်၊ ဒါဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွေထဲက တစ်ပွဲဖြစ်နိုင်ပြီး သူတို့ရဲ့ ပရိသတ်ရှေ့မှာ ခြေစွမ်းပြချင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဂိုးသွင်းပြီး ပွဲကို အနိုင်ရဖို့ နည်းလမ်းရှာရမှာပါ" လို့ အကန်ဂျီက စီးတီးရဲ့ ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
အကန်ဂျီက မန်စီးတီးဟာ အဆင့် ၅ အတွင်း ပြီးဆုံးဖို့နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေကောင်းမှာ ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ သူက "ဒီနေ့ အနိုင်ရခဲ့ရင် ခြေလှမ်းကြီးကြီး လှမ်းနိုင်ပြီး ကျွန်တော်တို့ ပထမဆုံး နေရာကို ရောက်နိုင်မှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်က အသင်းတချို့ တစ်သင်းနဲ့တစ်သင်း ကစားဖို့ ရှိလို့ပါ"
"ကောင်းတာကတော့ အရာအားလုံး ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေသေးတာပါ။ ကျွန်တော်တို့ရဲ့ နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲကို ဘုန်းမောက်နဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။ အဲဒီပွဲကို အနိုင်ရရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်" "ပထမဆုံးအနေနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို အာရုံစိုက်ရပါမယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။