ဘုန်းမောက်နဲ့သရေကျကာ ချန်ပီယံဆုမျှော်လင့်ချက် ပျက်ပြယ်သွားတဲ့ မန်စီးတီး
ဘုန်းမောက် ၁-၁ မန်စီးတီး (ပွဲပြီးရလဒ်)
အခုဗီတယ်လီတီကွင်းပွဲစဉ်မှာ မျှော်လင့်ချက်ကိုယ်စီရှိနေတဲ့ အိမ်ရှင်ဘုန်းမောက်ရော၊ ဧည့်သည်မန်စီးတီးပါ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြလို့ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်ဘုန်းမောက်အတွက် ခရူပီက သွင်းယူပေးခဲ့ပြီး ဧည့်သည်မန်စီးတီးအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဟာလန်းက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘုန်းမောက်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ထိခိုက်ခဲ့ရသလို မန်စီးတီးရဲ့ချန်ပီယံပြေးလမ်းလည်း ဆုံးခန်းတိုင်ခဲ့ပြီး ရာသီပိတ်ပွဲစဉ်မတိုင်ခင်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။