The network connection is lost.

Banner Image

ခက်ခဲတဲ့ အဖွင့်ဘောလုံးရာသီအပြီး အာရိုကိုဒါရီကို အငှားဖြင့်လက်လွှတ်ဖို့ ပြင်ဆင်နေတဲ့ ဝုဗ်အသင်း

ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရပြီးနောက် ဝုဗ်အသင်းက အခုနွေရာသီမှာ တိုလူအာရိုကိုဒါရီကို လက်လွှတ်သွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းမှ ယူရို ၂၄ သန်းဖြင့် ဝုဗ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးက Molineux ကွင်းအဖွင့်ရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ဝုဗ်အသင်းအတွက် ၂၈ ပွဲ ကစား၊ သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

talkSPORT ရဲ့ ဖော်ပြချက်အရ ဝုဗ်က အင်္ဂလန်ထိပ်တန်းလိဂ်မှာ ခြေစွမ်းမပြသနိုင်တဲ့ အာရိုကိုဒါရီအတွက် ဝယ်လက်ရှာဖွေဖို့ ခက်ခဲနိုင်လို့ အငှားဖြင့်ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးရဲ့ ဈေးကွက်တန်ဖိုးကို ယူရို ၁၈ သန်းဝန်းကျင် သတ်မှတ်ထားပါတယ်။