The network connection is lost.

Banner Image

တန်းဆင်းဇုန်တိုက်ပွဲမှာ အရေးပါလှတဲ့နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်

တော့တင်ဟမ် ဝ-၃ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ပြိုင်ဘက်ကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုဖြစ်သလို အခြားပြိုင်ဘက်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းပါ ရှုံးပွဲကြုံတွေ့ချိန် အဝေးကွင်းမှာ လာရောက်ကစားတဲ့ နော်တင်ဟမ်ဖောရက်စ်က အဖိုးတန်ဂိုးပြတ်နိုင်ပွဲတစ်ခုဖော်ဆောင်ပြီး မတ်လနိုင်ငံတကာသီတင်းပတ်ကို အကောင်းဆုံးကြိုဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဗီတာပါရဲယားရဲ့အသင်းအတွက် အဖိုးတန်အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ အီဂေါဂျီးဆပ်စ်၊ ဒုတိယပိုင်းပွဲချိန်အတွင်း မော်ဂန်ဂစ်ဝှိုက်နဲ့ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်တိုက်စစ်မှူးအဝိုနီယီတို့က သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း အရေးကြီးအိမ်ကွင်းပွဲစဉ်မှာ အိမ်ရှင်ပရိသတ်တွေရှေ့မှောက်အရှက်တကွဲရှုံးနိမ့်ခဲ့လို့ တော့တင်ဟမ်နည်းပြအီဂေါတူဒေါအတွက် ဖိအားတွေ ကြီးမားလာခဲ့ပါတယ်။