The network connection is lost.

Banner Image

အန်ဒါဆန်ကို အသင်းမှာ ဆက်ထိန်းထားဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်လို့ ပါရဲရားဝန်ခံ

နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြဗစ်တာပါရဲရားက ကွင်းလယ်ကြယ်ပွင့်အန်ဒါဆန်ကို အသင်းမှာ ဆက်ရှိနေအောင် ထိန်းသိမ်းထားဖို့ အတော်လေးရုန်းကန်ရမယ့် အခြေအနေရှိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်အန်ဒါဆန်က နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အလွန်ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နေပြီး ပရီးမီးယားလိဂ် ၃၇ ပွဲကစား၊ လေးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီကွင်းလယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်ရော၊ မန်စီးတီးပါ အပြင်းအထန် စိတ်ဝင်စားနေကြပြီး ဖောရက်စ်အသင်းဘက်ကတော့ ကစားသမားရဲ့တန်ဖိုးကို ပေါင်သန်း ၁၀၀ ဝန်းကျင်အထိ သတ်မှတ်ထားပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် နော်တင်ဟမ်ဖောရက်စ်နည်းပြပါရဲရားက အန်ဒါဆန်ကို အသင်းမှာဆက်ရှိနေဖို့ စည်းရုံးသွားဖို့ရှိပေမဲ့ ကစားသမားကိုယ်တိုင် ဒီနွေရာသီမှာ အသင်းမှထွက်ခွာသွားနိုင်ခြေလည်း ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော့်မှာ အဖြေမရှိပါဘူး။ ဈေးကွက်ဆိုတာ ဈေးကွက်ပါပဲ၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်" လို့ ပါရဲရားက ဆိုပါတယ်။

"ကျွန်တော်ပြောနိုင်တာကတော့ အသင်းက သူ့ကို ကျွန်တော်တို့ဆီမှာပဲ ဆက်ကစားစေချင်ဆယ်ဆိုတာ သေချာပါတယ်။ အသင်းဘက်က ကစားသမားအားလုံးနီးပါးကို ဆက်ထိန်းထားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အရည်အချင်းရော၊ စရိုက်လက္ခဏာပါ ကောင်းမွန်တဲ့ အစုအဖွဲ့တစ်ခုဖြစ်ပြီး နောက်ရာသီအတွက်လည်း ကျွန်တော်တို့အတွက် အခြေခံကောင်းတွေ ရှိနေလို့ပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။