The network connection is lost.

Banner Image

မန်စီးတီးကနေ ထွက်ခွာမယ်လို့ ကြေညာပြီး တစ်ရက်အကြာမှာပဲ အိမ်ပြောင်းဖို့ ပြင်ဆင်နေတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးနောက် ဒီအပတ်ထဲမှာပဲ သူ့ရဲ့ ပစ္စည်းပစ္စယတွေကို သိမ်းဆည်းနေတာကို တွေ့ခဲ့ရပါတယ်။

ဂွာဒီယိုလာဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းကို နောက်ဆုံးအကြိမ်အဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှတ်တရတွေနဲ့ နှုတ်ဆက်သွားမှာပါ။

ဒီအပတ်ထဲမှာပဲ မန်စီးတီးပရိသတ်တွေဟာ အသင်းရဲ့ ဂန္ထဝင်ပုဂ္ဂိုလ် ၃ ဦးကို နှုတ်ဆက်ဖို့ ပြင်ဆင်နေကြပြီး ဘာနာဒိုဆေးလ်ဗားနဲ့ ဂျွန်စတုန်းတို့ကလည်း အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာမယ့်အကြောင်း ကြေညာပြီး တစ်ရက်အကြာမှာပဲ Deansgate CitySuites မှာရှိတဲ့ ဂွာဒီယိုလာရဲ့ တိုက်ခန်းကနေ ပစ္စည်းတွေကို လာရောက်သယ်ဆောင်နေတာကို တွေ့ရကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဂွာဒီယိုလာဟာ သူ့ရဲ့ဇာတိမြေဖြစ်တဲ့ ဘာစီလိုနာမြို့ကို ပြန်ဖို့ ဆန္ဒရှိနေပြီး အဲ့ဒီမှာ ပေါင် ၁၃.၅ သန်း တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်တစ်လုံးကို ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ပရီမီယာလိဂ်ချန်ပီယံဆုကို ၈ ကြိမ်တိုင်တိုင် ရယူပေးခဲ့တဲ့ မန်စီးတီးအသင်းကတော့ ဂွာဒီယိုလာရဲ့ ရုပ်တုကို ထုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီရုပ်တုကို 'The Pep Guardiola Stand' ရဲ့ အနီးအနားမှာ ထားရှိသွားမယ်လို့ အတည်ပြုထားပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးပိုင်ရှင်တွေဖြစ်တဲ့ City Football Group လက်အောက်ခံ အသင်းတော်တော်များများအတွက် သံတမန်အဖြစ် ဆက်လက်ရှိနေမှာဖြစ်လို့ ရုပ်တုတည်ဆောက်မှု ပြီးစီးမယ့် ယခုနှစ်နှောင်းပိုင်းမှာ အသင်းဆီ တစ်ခေါက် ပြန်လာဦးမှာပါ။

မန်စီးတီးအသင်းဟာ လာမယ့်တနင်္လာနေ့မှာ အမျိုးသားနဲ့ အမျိုးသမီးအသင်းတွေအတွက် အောင်ပွဲခံလှည့်လည်ပွဲကို ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒါဟာ ဂွာဒီယိုလာကို အသင်းနဲ့အတူ နောက်ဆုံးတွေ့ရမယ့် အခိုက်အတန့်လည်း ဖြစ်နိုင်ပါတယ်။