The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်မှာ အခုရလဒ်ထက်ပိုပြီး ထိုက်တန်မှုရှိခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်တဲ ့အန်းစလော့

မန်စီးတီးကို ၁-၂ ဂိုးဖြင့် ရှုံးနိ့မ်ပြီးနောက် လီဗာပူးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဝေဝါးလာပေမယ့် နည်းပြအန်းစလော့ကတော့ ရလဒ်တွေမှာ မဖော်ပြနိုင်ဘူးဆိုရင်တောင် သူ့ရဲ့အသင်းတိုးတက်လာခဲ့ပြီလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

လက်ရှိအင်္ဂလန်ချန်ပီယံတွေက ၂၀၂၆ ခုနှစ်အတွင်းကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ်ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားလို့ အမှတ်ပေးဇယားဆဋ္ဌမနေရာဆီ ရောက်ရှိသွားပြီး ထိပ်ဆုံးလေးသင်းစာရင်းနဲ့ လေးမှတ်အထိ ကွာဟသွားခဲ့ပါတယ်။
အန်ဖီးလ်ကွင်းမှာ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း လီဗာပူးက ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ဖရီးကစ်သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးခွင့်ပြုပေးခဲ့ရသလို ဆိုဘိုဆလိုင်းပါ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "ဒီပွဲစဉ်ကို လွန်ခဲ့တဲ့ ၃ လ၊ ၄ လက ပွဲစဉ်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့ အများကြီးတိုးတက်လာခဲ့ပေမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့တော့ လိုအပ်နေပါသေးတယ်။

ဒီနှစ်ထဲမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ရလဒ်မျိုး မရခဲ့တဲ့ပွဲတွေ အများကြီးရှိခဲ့ပြီး အခုပွဲစဉ်ကလည်း အဲ့ဒီလိုပွဲစဉ်တွေအနက် တစ်ခုဖြစ်ပါတယ်"လို့ ဖွင့်ဟခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် ပွဲရဲ့အရှိန် ပိုမိုမြင့်တက်လာခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာ ဟာလန်းက ပင်နယ်တီမှတဆင့် အနိုင်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးအတွက် အခုရာသီ၊ နာကျင်အချိန်ပိုပေးဂိုးလေးဂိုးမြောက်ကို ဖြစ်တည်စေခဲ့ပါတယ်။ပွဲပြီးခါနီးမှာ ဟာလန်းရဲ့တိုက်စစ်လိုက်ပါဂိုးသွင်းယူဖို့ကြိုးစားမှုကို နောက်မှဆွဲထားခဲ့တဲ့ ဆိုဘိုဆလိုင်းအတွက် ကွင်းလယ်ဒိုင်က အနီကတ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ဟန်ဂေရီသားက လာမယ့်ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို လွဲချော်သွားပါတော့မယ်။

ဒါပေမဲ့ အန်းစလော့ကတော့ ပွဲအစပိုင်း၊ ဂိုးမရှိသရေကျနေချိန် အဖွင့်ဂိုးသွင်းယူနို်ငမယ့်အခြေအနေမျိုးမှာရှိနေတဲ့ မိုဆာလက်ကို ဂူဟီ နောက်မှဆွဲထားခဲ့မှုအတွက် အဝါကတ်သာပြသခဲ့မှုကို အလွန်အမင်းဒေါသထွက်နေခဲ့ပါတယ်။

"ကျွန်တော်တို့မှာ ပြောသင့်ပြောထိုက်တဲ့ ဖြစ်ရပ်တစ်ခုရှိမယ်ဆိုရင် ဒါက မိုဆာလက်အတွက် ပြိုင်ဘက်ဂိုးသမားနဲ့တစ်ဦးချင်းရင်ဆိုင်တွေ့နိုင်မယ့်အခွင့်အရေး ဆုံးရှုံးလိုက်ရတယ်ဆိုတာပါပဲ။ပြီးခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း ဒီကွင်းဆီလာဖူးသူတိုင်း ဒါဟာ ဆာလာအတွက် သွင်းဂိုးဖြစ်လာမယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးက နောက်တစ်ကြိမ် ကျွန်တော်တို့ဘက်မှာ မရှိနေခဲ့ပါဘူး"လို့ ဆိုပါတယ်။

မန်စီးတီးအတွက်တော့ ၂၀၀၃ ခုနှစ်နောက်ပိုင်း အန်ဖီးလ်ပရိသတ်တွေရှေ့မှောက် ပထမဆုံးနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်ကို ခြောက်မှတ်အကွာဖြင့် ဖိအားပေးခွင့် ရရှိခဲ့ပါတယ်။