The network connection is lost.

Banner Image

ဒါလော့ရဲ့နေရာမှာ အစားထိုးဖို့ ပေါင်သန်း ၅၀ တန် ဘရန့်ဖို့ဒ်နောက်ခံလူ ကိုင်ယိုဒီကို ယူနိုက်တက် မျက်စိကျနေ

ဘရန့်ဖို့ဒ်အသင်းရဲ့ ပေါင် ၅၀ သန်း တန်ကြေးရှိ နောက်ခံလူ မိုက်ကယ် ကိုင်ယိုဒီကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားမှု ပြသလာတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ကိုင်ယိုဒီဟာ ဒီရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေသူတစ်ဦး ဖြစ်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ခံစစ်တွေကို အမြဲတမ်း ဒုက္ခပေးနိုင်တဲ့ သူ့ရဲ့ ဝေးဝေးပစ်နိုင်တဲ့ လက်ပစ်ဘောတွေက ပရီးမီးယားလိဂ်မှာ နာမည်ကြီးနေတာပါ။

TEAMtalk ရဲ့ ဖော်ပြချက်အရ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကိုင်ယိုဒီကို ခေါ်ယူနိုင်ဖို့ မန်ယူနိုက်တက်က အားထုတ်လာတာဖြစ်ပြီး လက်ရှိမှာတော့ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ အပြိုင် ဖြစ်နေပါတယ်။

အီတလီလူမျိုး နောက်ခံလူ ကိုင်ယိုဒီကို ခေါ်ယူရေး ပြိုင်ပွဲမှာ မန်ယူနိုက်တက်ဟာ မန်စီးတီး၊ နယူးကာဆယ်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ အထိ သတ်မှတ်ထားတာပါ။

မန်ယူနိုက်တက်ဟာ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ ပေါ်တူဂီနောက်ခံလူ ဒီယေဂို ဒါလော့ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့်သူကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အနာဂတ်မှာ ဒါလော့ရဲ့ နေရာကို အကောင်းဆုံး ဆက်ခံနိုင်မယ့်သူအဖြစ် ခြေစွမ်းထက်မြက်နေတဲ့ ကိုင်ယိုဒီကို အရခေါ်ယူဖို့ မန်ယူနိုက်တက်က ပစ်မှတ်ထားလာတာ ဖြစ်တယ်လို့ သိရပါတယ်။