The network connection is lost.

Banner Image

စီရော်နယ်ဒိုနေရာမှာ မိုဆာလာကို အစားထိုးပြီး စာမျက်နှာသစ်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဆော်ဒီလိဂ်

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူတွေက လာမည့်ဘောလုံးရာသီမှာ လီဗာပူးအသင်းကြယ်ပွင့် မိုဆာလက်ကို သူတို့လိဂ်ပြိုင်ပွဲရဲ့ အဓိကပြယုဂ်အဖြစ် မြင်တွေလိုနေတယ်လို့ သိရပါတယ်။
Liverpool Echo သတင်းဌာန၏ ဖော်ပြချက်အရ ဆော်ဒီပရိုလိဂ်က အခုနှစ်နွေရာသီကာလမှာ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုကို ရောင်းချပြီး မိုဆာလက်ကို အစားထိုးကာ ပြိုင်ပွဲရဲ့အဆင့်အတန်းမြှင့်တင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်က ပြီးခဲ့သည့်ပွဲစဉ်နှစ်ခုမှာ ပါဝင်ကစားခြင်းမရှိဘဲ ဆန္ဒပြမှုပြုလုပ်ခဲ့လို့ ဆော်ဒီလိဂ်တာဝန်ရှိသူတွေရဲ့အမျက်ရှမှုနဲ့ ရင်ဆိုင်နေပါတယ်။
Public Investment Fund (PIF) က အယ်လ်ဟီလယ်အသင်းနဲ့နှိုင်းယှဉ်ရင် အယ်လ်နာဆာဆီ အပြောင်းအရွှေ့ရန်ပုံငွေလုံလုံလောက်လောက် ခွင့်မပြုပေးမှုအပေါ် မကျေနပ်ချက်ကြောင့် စီရော်နယ်ဒိုက အခုလိုမျိုး ဆန္ဒထုတ်ဖော်ခဲ့တာပါ။လက်ရှိမှာ ဆော်ဒီလိဂ်တာဝန်ရှိသူတွေက စီရော်နယ်ဒိုရဲ့နေရာမှာ မိုဆာလက်ကို အစားထိုးသွားဖို့ စီစဉ်နေပြီး အီဂျစ်ကြယ်ပွင့်အတွက် လီဗာပူးမှာရရှိနေတဲ့လုပ်ခလစာထက် သုံးဆတိုးမြှင့်ကာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။မိုဆာလက်က လာမယ့်နွေရာသီကာလမှာ အရှေ့အလယ်ပိုင်းဒေသဆီ ပြောင်းရွှေ့လာမယ်ဆိုရင် သီတင်းတစ်ပတ်လုပ်ခ ပေါင် ၁ ဒဿမ ၂ သန်းအပြင် အခြားသောအပိုဆုကြေးတွေပါ ရရှိလိမ့်မယ်လို့ သိရပါတယ်။အသက်-၃၄ နှစ်အရွယ်တိုက်စစ်မှူးရဲ့ လီဗာပူးနဲ့စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ရှိနေပါတယ်။