ရီးရဲလ်တိုက်စစ်မှူး ရိုဒရီဂိုကိုခေါ်ယူနိုင်ရေး မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် အပြိုင်အဆိုင်ဖြစ်နေ
ပရီမီယာလိဂ်ထိပ်သီးကလပ်အသင်းနှစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရိုဒရီဂိုကိုခေါ်ယူဖို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြပါတယ်။
အသက် ၂၅ နှစ်အရွယ်ဘရာဇီးလ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ပါဝင်ကစားခွင့် နည်းပါးနေပြီး လာလီဂါပွဲစဉ် ၁၈ ပွဲကစားထားရာမှာ ခြောက်ကြိမ်သာ ပွဲထွက်ခွင့်ရရှိသလို တစ်ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။ရိုဒရီဂိုကိုယ်တိုင် စပိန်မြေမှ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ အချိန်အတော်ကြာထွက်ပေါ်နေခဲ့သလို မက်ဒရစ်အခြေစိုက်ကလပ်အသင်းဘက်ကလည်း သင့်တော်တဲ့ပြောင်းရွှေ့ကြေးတစ်ရပ်သာ ရရှိမယ်ဆိုရင် ကစားသမားကိုရောင်းချသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
OkDiario သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဘရာဇီးလ်ကြယ်ပွင့်ကို အမိအရခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ထိပ်တိုက်ရင်ဆိုင်အားပြိုင်သွားရန် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။