မန်စီးတီးကို မကြောက်ဘူးလို့ အသင်းဖော်တွေကို ပြောခဲ့တဲ့ ဗလာဟိုဗစ်
ဗုဒ္ဓဟူးနေ့က တူရင်မှာကစားခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်ဟာ မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးနောက် ဗလာဟိုဗစ်က "ဂိုးတိုင်းက အရေးကြီးပါတယ်။ ဂိုးတိုင်းက အထူးသဖြင့် အသင်းကို ကူညီပေးရင် အရမ်းတန်ပါတယ်။ နောက်ထပ် အများကြီး သွင်းယူနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်ထိပ်သီး ၈ သင်း အကြောင်းကို မေးမြန်းရာမှာ တိုက်စစ်မှူးက "ဒါကို ကျွန်တော်တို့ အမြဲတမ်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ပွဲစဉ်တိုင်းကို အနိုင်ရဖို့ပါပဲ။ ပြီးတော့ ကောင်းကောင်း ဖြစ်သွားနိုင်သလို ဆိုးဆိုးရွားရွားလည်း ဖြစ်သွားနိုင်တာကြောင့် အနိုင်ရဖို့ ပွဲစဉ်တိုင်းကို ကြိုးစားကစားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဗလာဟိုဗစ် "လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျွန်တော်ကိုယ်တိုင်က မန်စီးတီးနဲ့ပွဲအတွက် မကြောက်ပါဘူးလို့ အသင်းဖော်တွေကို ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ပြင်ဆင်နေတာကြောင့် လိဂ်မှာကစားရတဲ့အခါ တိုးတက်လာဖို့ လိုအပ်ပါတယ်"
"ပြီးခဲ့တဲ့ပွဲတွေကို ကျွန်တော်တို့ မပျော်ဘူး၊ ပျက်ကွက်မှုတွေ အများကြီးရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်မှာ ဘယ်သူပဲဖြစ်ဖြစ် သူတို့ရှိနေဖို့ ထိုက်တန်တယ်လို့ ဆိုလိုတာပါ။ ပွဲတိုင်းကို တူညီတဲ့သဘောထားနဲ့ ကစားရမှာပါ" လို့ ပြောပါတယ်။