ချန်ပီယံပြေးလမ်းမှာ ခြေတစ်လှမ်းမှားသွားတဲ့ မန်စီးတီး
အဲဗာတန် ၃-၃ မန်စီးတီး (ပွဲပြီးရလဒ်)
အခုပွဲစဉ်မတိုင်ခင် ချန်ပီယံပြေးလမ်းပြိုင်ဘက်အာဆင်နယ်က ခြောက်မှတ်အထိ အသာစီးရယူထားနိုင်လို့ မန်စီးတီးတို့ အနိုင်ရလဒ်ဖော်ဆောင်ရန် မဖြစ်မနေလိုအပ်ခဲ့ပေမဲ့ အဝေးကွင်းသရေတစ်မှတ်ကိုသာ ခက်ခက်ခဲခဲရယူရင်း ကျေနပ်လိုက်ရပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး မန်စီးတီးက ဒိုကူရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့အတူ လူစားဝင်တိုက်စစ်မှူးဘာရီ(၂ ဂိုး)၊ အိုဘရိုင်ယန်တို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးလိုက်ရလို့ ဖိအားတွေအောက် ကျရောက်သွားပါတယ်။ ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ အစွမ်းကုန်တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ဟာလန်းနဲ့ ဒိုကူတို့က အရေးပါတဲ့ချေပဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။