The network connection is lost.

Banner Image

လီဝန်ဒေါစကီးကို ခေါ်ယူမယ့်အစား ဗလာဟိုဗစ်ကိုပဲ ဆက်လက်ယုံကြည်ဖို့ ဂျူဗင်တပ်စ်ဆီ တိုက်တွန်းချက် ထွက်ပေါ်လာ

တိုရီနိုအသင်းဂိုးသမားဟောင်းစတီဖနိုဆိုရင်တီနိုက ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးကို မခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းဆီ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဒီနွေရာသီမှာ ဘာစီလိုနာမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာနိုင်တဲ့ အသက် ၃၇ နှစ်အရွယ်လီဝန်ဒေါစကီးကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်လူငယ်အသင်းကစားသမားဟောင်းလည်းဖြစ်တဲ့ ဆိုရင်တီနိုက "တကယ်လို့ ဘာစီလိုနာက လီဝန်ဒေါစကီးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်တယ်ဆိုရင် ဒါဟာ ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ လီဝန်ဒေါစကီး ဆက်ပြီး ယှဉ်ပြိုင်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆလို့ပါပဲ။ ဒါကြောင့် ကျွန်တော်ဆိုရင်တော့ ဒီကိစ္စကို သေချာပြန်စဉ်းစားပြီး မူအာနီလိုမျိုး ပိုပြီးငယ်ရွယ်တဲ့ ကစားသမားအတွက်ပဲ အာရုံစိုက်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ဗလာဟိုဗစ်ကိုလည်း အသင်းမှာပဲ ဆက်ထားစေချင်ပါတယ်။ နည်းပြ စပယ်လက်တီ၊ ကွန်စီကာအိုနဲ့ ယီလ်ဒစ်ဇ်တို့လို အရည်အချင်းရှိတဲ့ တောင်ပံကစားသမားနှစ်ဦးနဲ့ဆိုရင် ဗလာဟိုဗစ် အစွမ်းပြနိုင်ပါသေးတယ်" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းမှာ ခေတ္တကစားခဲ့ဖူးတဲ့ မူအာနီက လတ်တလောမှ ပီအက်စ်ဂျီမှ တော့တင်ဟမ်ဆီ အငှားဖြင့် သွားရောက်ကစားနေပါတယ်။