The network connection is lost.

Banner Image

ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးဆိုတာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထိုက်တန်တဲ့အသင်းပါလို့ အခိုင်အမာပြောကြားလိုက်တဲ့ ဆိုဘိုဆလိုင်း

မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးကွင်းလယ်လူဆိုဘိုဆလိုင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို အသင်းဖော်ဆီ  ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

အခုပွဲစဉ်မှာ အသက် ၂၅ နှစ်အရွယ်ကစားသမားက လီဗာပူးအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူပေးခဲ့သလို အသင်းအတွက်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ အက်စတွန်ဗီလာရဲ့ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၄ နေရာမှာ ဆက်ရှိနေပါတယ်။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံချိန် ဆိုဘိုဆလိုင်းက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ လီဗာပူးအတွက် လိုအပ်ချက်တွေကို ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။

"အခြေအနေ မကောင်းပါဘူး၊ ကျွန်တော်တို့တွေ အမှတ်ဗလာနဲ့ အိမ်ပြန်ရပါမယ်။ ပထမပိုင်းကစားပုံအတွက်လည်း စိတ်ကျေနပ်စရာ လုံး၀မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ကစားပုံက ဒုတိယပိုင်းအစမှာပြသခဲ့တဲ့ပုံစံမျိုးပဲ ဖြစ်သင့်ပါတယ်" လို့ သူက ဆိုပါတယ်။ 

"ပထမဆုံးတော့ ကျွန်တော်က လာမယ့်ရာသီအတွက် အာရုံမစိုက်သေးဘဲ လက်ကျန်ပွဲစဉ်သုံးခုဆီကိုသာ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထိုက်တန်တဲ့အသင်းဖြစ်လို့ လာမယ့်ရာသီမှာလည်း ပြိုင်ပွဲဝင်ခွင့်ရချင်ပါတယ်၊ ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်သွားရပါဦးမယ်" လို့ ပြောကြားခဲ့ပါတယ်။