တော့တင်ဟမ်ဆီရောက်ရှိနေတဲ့ မူအာနီကို ပြန်လည်ခေါ်ယူပေးဖို့ ဂျူဗင်တပ်စ်နည်းပြစပယ်လက်တီ တောင်းဆို
ဂျူဗင်တပ်စ်နည်းပြစပယ်လက်တီက ကိုလိုမူအာနီကို ပြန်လည်ခေါ်ယူပေးဖို့ အသင်းဆီ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုလိုက်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ ပီအက်စ်ဂျီမှ တော့တင်ဟမ်ဆီ အငှားဖြင့် လာရောက်ကစားနေပါတယ်။
Tuttosport ရဲ့ဖော်ပြချက်အရ စပယ်လက်တီက အခုနွေရာသီမှာ အသင်းရဲ့အထောင်တိုက်စစ်မှူးနေရာကို အင်အားဖြည့်တင်းလိုနေပြီး အသက်-၂၇ နှစ်အရွယ်မူအာနီကို သူ့ရဲ့ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မူအာနီက ပြီးခဲ့တဲ့ရာသီ၊ ဒုတိယရာသီရာသီဝက်ကာလမှာ ဂျူဗင်တပ်စ်ဆီ အငှားဖြင့်လာရောက်ကစားခဲ့ဖူးပြီး အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးမှုရှိခဲ့ပေမဲ့ သဘောတူညီမှုတော့ မရရှိခဲ့ပါဘူး။
ဒီပြင်သစ်ကစားသမားရဲ့ ပီအက်စ်ဂျီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်၊ နွေရာသီကာလအထိ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်က ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗလာဟိုဗစ်ရဲ့အခြေအနေ ဘယ်လိုပဲရှိနေပါစေ၊ မူအာနီကိုခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားပါလိမ့်မယ်။