The network connection is lost.

Banner Image

မန်စီးတီးဂိုးသမား ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်လည်း စိတ်ဝင်စားနေ

ဂျူဗင်တပ်စ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ထရက်ဖို့ဒ်ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ရဲ့ အပြိုင်အဆိုင်ထဲမှာ အခုအခါ ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမား ထရက်ဖို့ဒ်ဟာ ဒီရာသီမှာ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာရဲ့ အရံအဖြစ်သာ အချိန်ကုန်ဆုံးခဲ့ရတာကြောင့် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားလာမယ်လို့ ယူဆရပါတယ်။

ထရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘန်လေအသင်းကနေ မန်စီးတီးဆီ ပြန်လာခဲ့ချိန်မှာ အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် နေရာရမယ်လို့ ယုံကြည်ခဲ့တာပါ။

ဒါပေမဲ့ သူရောက်ပြီး မကြာခင်မှာပဲ ဒွန်နာရမ်မာ ရောက်ရှိလာခဲ့ပြီး မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဒွန်နာရမ်မာကိုပဲ ပထမဦးစားပေးဂိုးသမားအဖြစ် ချက်ချင်း ရွေးချယ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ ထရက်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ယူရို သန်း ၂၀ ဝန်းကျင်နဲ့ မန်စီးတီးအသင်းနဲ့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။