လိုင်လီနောက်ခံလူကို ရီးရဲလ်နဲ့အပြိုင် ခေါ်ယူမယ့် ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ လိုင်လီနောက်ခံလူ ယိုရိုကို ရီးရဲလ်အသင်းနဲ့အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီမှာ နောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဒီလစ်ဂျ်နဲ့အတူ အသက် ၁၈ နှစ်သား ဒါမှမဟုတ် ဘရိတ်ဝိတ်ကို တွဲဖက်ပေးချင်နေပါတယ်။ ယူနိုက်တက်ဟာ လိုင်လီအသင်းထံ ယိုရိုအတွက် ပေါင် ၄၂ သန်းနဲ့ကမ်းလှမ်းထားပြီး အသင်းဘက်က လက်ခံထားပေမယ့် ကစားသမားဘက်ကို စည်းရုံးနေရဆဲဖြစ်ပါတယ်။
ကစားသမားကိုယ်တိုင်က ရီးရဲလ်အသင်းထံသာ ပြောင်းချင်နေတာကြောင့် ယူနိုက်တက်အတွက် ခက်ခဲနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဒရစ်အနေနဲ့ ယူနိုက်တက်ကမ်းလှမ်းတဲ့တန်ကြေးမျိုးပေးချေနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာန မာကာတိုကတော့ ယိုရိုဟာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပြန်စဉ်းစားနေပြီး လစာအတွက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ယိုရိုရဲ့ကိုယ်စားလှယ်တွေကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေလုပ်ဆောင်နေပါတယ်။ မက်ဒရစ်ကလည်း စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကမ်းလှမ်းတဲ့တန်ကြေးမျိုးကို ကမ်းလှမ်းဖွယ်မရှိတာဖြစ်ပါတယ်။
ယူနိုက်တက်က ပေါင် ၄၂ သန်း + အပိုဆုကြေးပေါင် ၁၀ သန်းထပ်မံထည့်သွင်းထားပါတယ်။ ဘိုင်ယန်ကလည်း ဒီလစ်ဂျ်ကိုရောင်းထုတ်ဖို့ကို မငြင်းဆန်ခဲ့တာကြောင့် မကြာခင်မှာ အပြီးသတ်ဖွယ်ရှိနေပါတယ်။
“အပြောင်းအရွှေ့ကာလက ရှည်လျားပါတယ်။ ကျွန်တော်တို့မှာ အရမ်းအရမ်းကိုမှကောင်းမွန်တဲ့လူအင်အားရှိပါတယ်။ ဘာမှအပြောင်းအလဲမဖြစ်နိုင်ပါဘူး။ ဘယ်သူပဲထွက်ထွက် အသင်းကအဆင်ပြေပါတယ်။ အခုချိန်မှာ သတင်းတွေအများကြီးထွက်နေပါတယ်။ ဒါပေမယ့် အဲ့တာတွေကို ပြန်ပြောဖို့ မဖြစ်နိုင်ပါဘူး”လို့ ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာက ပြောကြားခဲ့ပါတယ်။