The network connection is lost.

Banner Image

လူငယ်တွေကိုအချိန်ပေးရတော့မယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်စတားဟောင်း

အာဆင်နယ်စတားဟောင်း အိုလီဗာဂျီရော့ဒ်က သူ့ရဲ့နိုင်ငံအသင်းကစားသမားဘဝက ပြီးဆုံးခဲ့ပြီလို့ အခိုင်အမာပြောကြားလိုက်ကာ လူငယ်တွေကိုအချိန်ပေးရတော့မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၃၈ နှစ်သားဟာ လော့စ်အိန်ဂျလိစ်အသင်းမှာ ၁ နှစ်ကစားခဲ့ပြီးနောက် အခုရာသီမှာ လိုင်လီအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အခုချိန်မှာ လိုင်လီအသင်းနဲ့အတူ ခြေစွမ်းပြနေပြီး လိဂ်ပွဲ ၂ ပွဲဆက်ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ သူ့အနေနဲ့ မိုနာကိုနဲ့ပွဲမှာ အသင်းရဲ့ကြံ့ခိုင်မှုကို မြင်ရတာဝမ်းသာမိတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

နိုင်ငံအသင်းအစီအစဉ်အတွက် မေးမြန်းရာမှာလည်း ပရီးမီးယားလိဂ်စတားဟောင်းက သူ့အချိန်က ပြီးဆုံးခဲ့ပြီဖြစ်ကာ လူငယ်တွေကိုနေရာပေးရမယ့်အချိန်ရောက်နေပြီလို့ ပြောကြားလိုက်ပါတယ်။
အေစီမီလန်မှာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် မေဂျာလိဂ်မြေကိုပြောင်းခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပြင်သစ်သားဟာ လိဂ်ပွဲ ၃၈ ပွဲမှာ ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့နောက် လိုင်လီထံပြောင်းရွှေ့ခဲ့ကာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းပြန်နိုင်ချေနဲ့ပတ်သက်ပြီး ဂျီရော့ဒ်က “နိုး။ ကျွန်တော်ပြောပြီးပါပြီ။။  မတ်လတုန်းက ကျွန်တော်အရမ်းကောင်းတဲ့ဂုဏ်ပြုမှုရခဲ့ပါတယ်။ ကျွန်တော် တန်ဖိုးထားသလိုခံစားခဲ့ရပါတယ်။

ကျွန်တော့်အတွက် နိုင်ငံအသင်းကစားသမားဘဝက ပြီးဆုံးခဲ့ပါပြီ။ အခုက လူငယ်တွေကိုနေရာပေးရမယ့်အချိန်ရောက်နေပါပြီ။ သူတို့သမိုင်းမှတ်တိုင်စိုက်ထူခွင့်ပေးရမယ့်အချိန်ပါ။ ကျွန်တော့်အလုပ်က ပြီးဆုံးခဲ့ပါပြီ”လို့ ဖြေကြားခဲ့ပါတယ်။ မိုနာကိုနဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ပြီးနောက် ဂျီရော့ဒ်ဟာ ကလပ် နဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၃၅၀ အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်စတားဟောင်းဟာ လာမယ့်သြဂုတ်လ ၃၀ ရက်နေ့ လိုရီးယန့်တ်နဲ့ပွဲမှာ လိုင်လီအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။

“အဲ့တာက ကောင်းပါတယ်။ တော်တော်လေးကောင်းပါတယ်။ ကျွန်တော်ဂိုးပိုသွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ပွဲ ၉၀၀ ရောက်ဖို့ မလိုတော့ပါဘူး။ ကျွန်တော့်မှာ အရမ်းကောင်းတဲ့အချက်အလက်မရှိပေမယ့် ဆက်လက်ကြိုးစားမယ်ဆိုရင် ကျွန်တော် ဒီအသင်းထံ ကျွန်တော့်အတွေ့အကြုံ နဲ့ အားထုတ်မှုတွေယူဆောင်လာနိုင်မှာပါ။ အသင်းဖော်ကောင်းတွေနဲ့အတူ အကောင်းဆုံးအဆင့်မှာရပ်တည်နိုင်ဖို့ ကျွန်တော့်အပေါ်မှာ မူတည်နေပါတယ်”လို့ ဂျီရော့ဒ်က သမိုင်းမှတ်တိုင်နဲ့ပတ်သက်ပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။