The network connection is lost.

Banner Image

ဘယ်လင်ဂမ်မပါတဲ့ ပွဲမှာ ဒီယက်ဇ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လက်စ်ပါးမားကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါချန်ပီယံဆုအား ဘာစီလိုနာအသင်းကို လက်လွှဲပေးထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စီးရီးအေကလပ် အေစီမီလန်အသင်းမှာ အငှားသွားရောက် ကစားရာမှ ပြန်ခေါ်ထားခဲ့ပြီး ဘရာဟင်ဒီယက်ဇ်က လက်စ်ပါးမားနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
 
စပိန်နိုင်ငံသား ခံယူထားတဲ့ ဘရာဟင်ဒီယက်ဇ်က အီတလီမြေမှာ တောက်ပတဲ့ ဘောလုံးရာသီတစ်ခုကို ဖော်ဆောင်နိုင်ခဲ့အပြီးမှာ လာလီဂါရပ်ဝန်းကို ပြည်လည်နားခိုလာခဲ့သူတစ်ဦးဖြစ်ပြီး အေစီမီလန်အသင်းမှာ ခြေစွမ်းကောင်း မွန်ခဲ့တာကြောင့် ဘာနေဗျူးကလပ်တွင် နေရာရလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
 
အေစီမီလန် အသင်းတွင် အငှားသွားရောက်ကစားခဲ့အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်ရောက်လာတဲ့ ဘရာဟင်ဒီယက်ဇ်က ရီးရဲလ်မက်ဒရစ်အသင်းဆိုတာ စုဖွဲ့မှုကြီးမားပြီး ဆုဖလားတွေ ဆာလောင်တတ်တဲ့ အသင်းဖြစ်ကြောင်း ဖွင့်ဟထားခဲ့ဖူးတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ်ဘောလုံးရာသီအစပျိုးချိန်တွင် ပုံစံကောင်းရခဲ့ပေမဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို အရေးနိမ့်အပြီးမှာ ဘာစီလိုနာအသင်းရဲ့ အမှတ်ပေးဇယားကို ဦးဆောင်မှု ခံထားရတာကြောင့် လက်စ်ပါးမားအသင်းကို အနိုင်ရရေး သေချာပြင်ဆင်လာခဲ့အတိုင်း ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
 
ဘာနေဗျူးကွင်းအတွင်းမှာ လက်စ်ပါးမားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်း အတွက် အဓိက ခြေစွမ်းပြ ကစားခဲ့တဲ့ ကစားသမားတွေကတော့ ဘရာဟင်ဒီယက်ဇ်နဲ့ ရူဒီဂါတို့ဖြစ်ပြီး စံနှုန်းသတ်မှတ်ချက် ၈/၁၀ အထိ သတ်မှတ် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။