The network connection is lost.

Banner Image

ဆီမီးဖိုင်နယ်မှာ ဘယ်ပြိုင်ဘက်နဲ့တွေ့ဆုံချင်သလဲဆိုတဲ့မေးခွန်းကို တုံ့ပြန်ဖြေကြားလိုက်တဲ့ လူးဝစ်အင်းနရစ်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘယ်ပြိုင်ဘက်နဲ့ရင်ဆိုင်ရမလဲဆိုတာနဲ့ ပတ်သက်လို့ အထူးတလည် ရွေးချယ်ထားတာမျိုး မရှိပါဘူးလို့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

မနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းအနို်ငရလဒ်နဲ့အတူ ပီအက်စ်ဂျီက ဒီညကစားမယ့် ဘိုင်ယန်မြူးနစ်vsရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်မှ အနိုင်ရရှိမယ့်အသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရပါလိမ့်မယ်။

ဘယ်ပြိုင်ဘက်နဲ့ တွေ့ဆုံချင်လဲလို့ မေးမြန်းရာမှာ လူးဝစ်အင်းနရစ်က "ကျွန်တော်က ဘယ်အသင်းနဲ့တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောလိုက်တိုင်း တကယ်တမ်းကျရင် ကျွန်တော်မတွေ့ချင်တဲ့ အသင်းနဲ့ပဲ သွားတိုးနေတတ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"မနက်ဖြန်၊ ပါရီမှာ ဘီယာတစ်ခွက်နဲ့ အေးအေးဆေးဆေး အနားယူရင်း ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲကို ကြည့်ပါမယ်။ ဘယ်သူက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်လာမလဲဆိုတာကို ဒီပွဲမှတဆင့် သိရပါမယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "ဒါပေမဲ့ ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တယ်ဆိုတာ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ရလဒ်တစ်ခုလို့ ထင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံသင့်တဲ့ အရာတစ်ခုပါပဲ" လို့လည်း လူးဝစ်အင်းနရစ်က ပြောကြားသွားခဲ့ပါတယ်။