The network connection is lost.

Banner Image

မြူးနစ်မှာ ရှုံးပွဲကြုံခဲ့ပေမဲ့ ကစားသမားတွေအတွက် ဂုဏ်ယူမိတယ်လို့ အာဘီလိုအာ ထုတ်ဖော်ပြောကြား

ဗုဒ္ဓဟူးည၊ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာကတော့ ဒီပွဲစဉ်ကို ထိပ်သီးကလပ်အသင်းနှစ်ခုအကြား အလွန်ကောင်းမွန်တဲ့ယှဉ်ပြို်ငမှုအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ သုံးဂိုးတောင် သွင်းနိုင်ခဲ့သလို နောက်ထပ်ဂိုးတွေသွင်းဖို့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်" လို့ အာဘီလိုအာက ပွဲစဉ်အပြီးမှာ Movistar ကို ပြောကြားခဲ့ပါတယ်။

"သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုယ်တိုင် ဒီနှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကို ၁၆ ကြိမ်မြောက်အဖြစ် မရယူနိုင်ခဲ့လို့ နာကျင်ရပေမဲ့ ကျွန်တော်ကတော့ ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ မက်ဒရစ်ဆီပဲ ပြန်သွားကြရပါတော့မယ်" လို့ သူက ဆိုပါတယ်။

"ဂိုးသွင်းဖို့ အခွင့်အရေးတချို့ ရခဲ့ပါသေးတယ်။ သူတို့ ဂိုးမသွင်းခင်လေးမှာပဲ ကျွန်တော်တို့ လူစားလဲမှုတချို့လုပ်ဖို့ ပြင်ဆင်နေခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ဂိုးက အရာအားလုံးကို အဆုံးသတ်သွားစေခဲ့ပါတယ်။ တကယ်တော့ ကံမလိုက်ခဲ့တာပါပဲ" လို့ သူက နောက်ဆုံးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။