The network connection is lost.

Banner Image

ရူဒီဂါကို ဂျာမနီရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ထုတ်ပယ်ဖို့ BILD သတင်းစာတောင်းဆို

ဂျာမန်သတင်းစာ BILD က ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းဆီ လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရူဒီဂါကို မရွေးချယ်ဘဲ ချန်လှပ်ထားခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါဟာ ဂီတာဖေးနောက်ခံလူဒီယေဂိုရီကိုနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် နာဂယ်စမန်းရဲ့အသင်းလူစာရင်းအတွင်း သူ့ရဲ့နေရာနဲ့ပတ်သက်လို့ ဂျာမနီနိုင်ငံမှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

တနင်္လာည၊ ရီးရဲလ်မက်ဒရစ်ကို ဂီတာဖေးက ၀-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ရူဒီဂါက ကွင်းတွင်းလဲကျနေတဲ့ ရီကိုရဲ့မျက်နှာကို တိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။

BILD သတင်းစာအားကစားအယ်ဒီတာ Hennin Feindt က ရူဒီဂါရဲ့အပြုအမူကို "လက်ခံနိုင်စရာမရှိဘူး" လို့ ဝေဖန်ခဲ့ပြီး ကစားသမားကို နာဂယ်စ်မန်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှထုတ်ပယ်ဖို့ တောင်းဆိုတဲ့ အာဘော်ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ဝေခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲမှာပဲ Feindt က ဂျာမနီအသင်းအတွက် အတွေ့အကြုံရင့်ရီးရဲလ်မက်ဒရစ်နောက်ခံလူကို မလိုအပ်တော့ဘဲ ဗဟိုခံစစ်ပိုင်းအတွက် ရှလော့တာဘတ်ချ်နဲ့ ဂျိုနသန်တာတို့လို ခိုင်မာတဲ့ခံစစ်အတွဲနဲ့ လုံလောက်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

ရီကိုကလည်း Deportes Cope နဲ့ အင်တာဗျူးမှာ "ဒါဟာ မတော်တဆကိစ္စ လုံးဝမဟုတ်ပါဘူး။ ဘယ်ကစားသမားကမှ လဲကျနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အခုလိုမျိုး မကောင်းတဲ့စိတ်ထားနဲ့ ဒူးနဲ့တိုက်တာမျိုး မလုပ်ကြပါဘူး" လို့ ပြောကြားခဲ့ပါတယ်။