The network connection is lost.

Banner Image

ရီးရဲလ်နောက်ခံလူ ရူဒီဂါကို လီဗာပူး၊ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့ ပစ်မှတ်ထားနေ

ရီးရဲလ်နောက်ခံလူ ရူဒီဂါကို လီဗာပူး၊ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့ ပစ်မှတ်ထားနေ လီဗာပူး၊ မန်ယူနဲ့ ဂျူဗင်တပ်စ် အစရှိတဲ့ ထိပ်တန်းကလပ်တွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ရူဒီဂါကို ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ကလပ်အသင်းတွေက သူ့ကို အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။ သတင်းတွေအရ ရီးရဲလ်နောက်ခံလူဟာ အခုရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေပြီး စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း သဘောတူညီမှု မရသေးပါဘူး။

 ဒါကြောင့်ပဲ နွေရာသီ အပြောင်းအရွှေ့ကာလ နီးကပ်လာတာနဲ့အမျှ ဂျာမနီလက်ရွေးစင်ကစားသမားကို ထိပ်တန်းကလပ်ကြီးတွေနဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။ The Standard သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို လီဗာပူး၊ မန်ယူနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြပြီး သူ့ရဲ့ အတွေ့အကြုံရင့်ကျက်မှုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရယူချင်နေကြပါတယ်။

 ဒီသတင်းတွေဟာ လီဗာပူးက အီဘရာဟီမာ ကုန်းနတေးကို စာချုပ်သက်တမ်းကုန်လို့ လက်လွှတ်ရတော့မယ့် အခြေအနေ၊ မန်ယူကလည်း ဟယ်ရီမက်ဂွိုင်းယားနဲ့ စာချုပ်သစ်အတွက် ညှိနှိုင်းနေပေမဲ့ ထွက်ခွာသွားနိုင်တဲ့ အခြေအနေတွေကြောင့် ထွက်ပေါ်လာတာပါ။ တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်နည်းပြ လူစီယာနို စပယ်လက်တီက ၂၀၁၅ ကနေ ၂၀၁၇ အထိ ရိုးမားမှာ အတူလက်တွဲခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နောက်ခံလူကို အတော်လေး သဘောကျနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားနဲ့ ကုန်းနတေးတို့သာ ရာသီမကုန်ခင် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ရင်တော့ မန်ယူနဲ့ လီဗာပူးတို့ဟာ ဒီအပြောင်းအရွှေ့ကနေ နုတ်ထွက်သွားနိုင်ပါတယ်။

အသက် ၃၃ နှစ်အရွယ် နောက်ခံလူဟာ ရီးရဲလ်မှာ အောင်မြင်မှုအားလုံးကို ရရှိထားသူဖြစ်ပြီး ခံစစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ဘယ်အသင်းအတွက်မဆို အတွေ့အကြုံကောင်းတွေ အများကြီး ယူဆောင်လာပေးမှာပါ။ ရူဒီဂါဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီမှာ ၁၈ ပွဲပဲ ကစားထားရသေးပေမဲ့ လာမယ့် ကမ္ဘာ့ဖလားမှာတော့ ပါဝင်လာဖို့ ရှိနေပြီး အသင်းတွေကလည်း ဝါရင့်ကစားသမားကြီးကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။