The network connection is lost.

Banner Image

အန်ဖီးလ်မြေမှာ အနိုင်ရရှိအောင်ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်တဲ့ ဗီတင်ဟာ

ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာက လာမယ့်ဒုတိယအကျော့အန်ဖီးလ်မြေမှာ အနိုင်ရရှိအောင် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ ပထမအကျော့မှာ လီဗာပူးအသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် ၁-၀ နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ဗီတင်ဟာက ဒုတိယအကျော့ အန်ဖီးလ်မြေမှာ အနိုင်ကန်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

လီဗာပူးနဲ့ပွဲမှာ ပီအက်စ်ဂျီဟာ ဘောလုံးပိုင်ဆိုင်မှု ၇၁% ရှိခဲ့သလို ကန်ချက် ၂၇ ကြိမ်အထိ ရှိခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးစိုးမိုးထားနိုင်ခဲ့ပေမယ့်လည်း အလီဆင်ရဲ့လက်စွမ်းကြောင့် ပီအက်စ်ဂျီအနေနဲ့ ဂိုးရဖို့ ခက်ခဲခဲ့သလို လီဗာပူးအသင်းအတွက် အနိုင်ဂိုးကို အီလီယော့တ်က ပွဲကစားချိန် ၈၇ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

“ဒီလိုပွဲမျိုးကန်ရတာက ခက်ခဲပါတယ်။ ကန်ချက်အခွင့်အရေးတစ်ကြိမ်ကနေ ၁ ဂိုးပေးခဲ့ရပါတယ်။ ကျွန်တော်တို့ ဒုတိယအကျော့မှာ အသင်းတစ်သင်းဆိုတာကို ပြသရမှာဖြစ်သလို ကျွန်တော်တို့ စရိုက်လက္ခဏာကို ပြသရပါမယ်။  ကျွန်တော်တို့ အန်ဖီးလ်မြေမှာ အနိုင်ကန်ရပါမယ်။ ကျွန်တော်တို့က နိုင်ပွဲထက် ထိုက်တန်ခဲ့ပါတယ်။ ရာသီအစကတည်းက ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး”လို့ ဗီတင်ဟာက ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်သားကတော့ လာမယ့်မတ်လ ၈ ရက်နေ့မှာကန်မယ့် လီဂူးဝမ်းပွဲစဉ်မှာ အသင်းကို ကူညီပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့နောက် အင်းနရစ်ရဲ့ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် မတ်လ ၁၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။