
ဒီကလန်ရိုက်စ်နောက်တစ်ဆင့်ဘယ်လိုသွားနိုင်လဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ရွိုင်ကိန်း
ယူနိုက်တက်နောက်ခံလူဟောင်း ရွိုင်ကိန်းက အာဆင်နယ်မှာ ရိုက်စ်တစ်ယောက် နောက်တစ်ဆင့်ဘယ်လိုသွားနိုင်လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီကလန်ရိုက်စ်ဟာ လှပတဲ့ဖရီးကစ်ကန်ချက် ၂ ကြိမ်နဲ့ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကိန်းက အင်္ဂလန်သားအနေနဲ့ အာဆင်နယ်မှာ နောက်တစ်ဆင့် ဘယ်လိုသွားနိုင်လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းကနေပြောင်းလာပြီးကတည်းက ရိုက်စ်ဟာ အာဆင်နယ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အခုလည်း ရီးရဲလ်နဲ့ပွဲမှာ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ကိန်းက ရိုက်စ်အနေနဲ့ ဂိုးတွေပိုလိုအပ်သလို တည်ငြိမ်စွာနဲ့ သွင်းယူနိုင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
အင်တာဗျူးတစ်ခုမှာ ကိန်းက “ဒါပေမယ့် ဘယ်လိုကွင်းလယ်ကစားသမားမျိုးကို ကူညီနိုင်မှာလဲ။ ကျွန်တော်တို့ နောက်တစ်ရက်မှာ ကီဗင် ၊ စတီဗင်တို့အကြောင်း ပြောဖြစ်ပါတယ်။တကယ်လို့ ရိုက်စ်အနေနဲ့ အခုစွမ်းဆောင်ရည်အတိုင်းဆက်ကစားပြီး တည်ငြိမ်မှုဆက်ထိန်းနိုင်မယ်ဆိုရင် သူက နောက်တစ်ဆင့်တက်နိုင်ပါပြီ။ အဲ့တာဆိုရင် ဒီဘရိုင်း ၊ ဂျရတ်တို့နဲ့အတူတူဖြစ်လာနိုင်ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့နည်းစနစ်ပိုင်းရှိနေပါတယ်။ ဒါပေမယ့် သူ့ကိုထိပ်တန်းကွင်းလယ်လူအဖြစ် သတ်မှတ်ဖို့ဆိုတာက သူ့အနေနဲ့ဂိုးတွေပိုသွင်းပြဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ရီးရဲလ်အသင်းနဲ့ဒုတိယအကျော့ပွဲမတိုင်ခင် အခုအပတ်မှာ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာတီတာအနေနဲ့ ရိုက်စ်ကိုအနားပေးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။